မြန်မာ့ယဥ်ကျေးမှုနဲ့ ကြီးလာတော့
တစ်ခုခုဆို ဘာမှန်းမသိ အားနာနေတတ်တာ။
အားနာတာကို nice ဖြစ်တယ်။
ကောင်းတယ်လို့ ထင်ပြီး
နှစ်ပေါင်းများစွာ နေခဲ့တယ်။
နောက်ပိုင်း ပြည်တွင်းစပ်တူလုပ်တဲ့
လုပ်ငန်းတွေမှာ အောင်မြင်တဲ့လုပ်ငန်းနဲ့
ပျက်သွားတဲ့ လုပ်ငန်းလေ့လာကြည့်တော့
အောင်မြင်တဲ့ အစုစပ်လုပ်ငန်းတွေမှာရှိတဲ့
ပုဂ္ဂိုလ်တွေက လိုချင်တာကိုတိုက်ရိုက်
ပြတ်ပြတ်သားသား ပြောရဲကြတာတွေ့ရတယ်။
မဟုတ်ရင် ခန့်မှန်းနေတာနဲ့
မလိုအပ်တဲ့ ပြဿနာတွေက တက်ရော။
သဘောမတူရင်လဲ မတူဘူး။
တူရင်လဲ တူတယ်။
ပြတ်ပြတ်သားသား ပြောဆိုဆွေးနွေးတဲ့အခါ
စိတ်ရှင်းတယ်။
ခံစားချက်တွေ ကိန်းအောင်းနေစရာမလိုဘူး။
လူမှုရေး၊ စီးပွားရေး၊ အချစ်အိမ်ထောင်ရေး
အကုန်အတူတူပဲ။
ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသား
ပြောဖို့ အားမနာပါနဲ့။
သူကတော့ ဒီလိုထင်တယ် ခန့်မှန်းပြီး
ခံစားချက်တွေနဲ့ လျှောက်မလုပ်ပါနဲ့။
Phyo Paing @ Derek