ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ။
ကိုယ်လိုချင်တာ ရထားတဲ့သူကို
အောင်မြင်သူလို့ လူတွေက သတ်မှတ်ကြတယ်။
ကျွန်တော်ကတော့ အောင်မြင်တယ်ဆိုတာ
အရမ်းပါဆန်နယ် ဖြစ်တယ်လို့ထင်တယ်။
တခါတလေ ကိုယ်က တကယ်လိုချင်တာလား။
မီဒီယာနဲ့ ပတ်ဝန်းကျင်က
ဇွတ်အတင်းသတ်မှတ်လို့ လိုချင်တာလား
ကွဲ ပြားဖို့လိုတယ်။
ပတ်ဝန်းကျင် ဆူညံသံ noise တွေကြားမှာ
ကိုယ့်နှလုံးသားအသံ voice တွေ
မပျောက်ဖို့လိုတယ်။
ဒီ voice အသံတွေ ကျယ်လေလေ
ကိုယ့်ရဲ့ choice တွေ မှန်ကန်လေလေပဲ။
ဆူညံသံတွေကြားက
ကိုယ့်နှလုံးသား အသံ
ပြန်နားထောင်ကြည့်ပါ။
Phyo Paing @ Derek