၁။ Energy
လူတွေမှာရှိတဲ့ energy မတူကြဘူး။
တချို့က ပျင်းရိနေတာပဲ။
စကားပြောလိုက်ရင် လေသံကအစ
အားမရှိ၊ တက်ကြွမှုမရှိတဲ့လေသံ။
တချို့ energy က အရမ်းမြင့်တယ်။
သူအခန်းထဲဝင်လာတာနဲ့
သူ့ energy ကို ခံစားလို့ရတယ်။
၂။ Habits of Doing more than paid for
ယူတာထက်ပိုပေးတာနဲ့
ပေးသလောက်ပဲ လုပ်မယ်နဲ့
ပေးသလောက်ထက် လျော့လုပ်မယ်။
ဒီသုံးခုရဲ့ ခံယူချက်ကမတူဘူး။
သူများဆီအလုပ်လုပ်ပြီးဆိုရင်
ငါ့ကို ပေးထားတာထက်
ဘာများပိုလုပ်ပေးရမလဲဆိုတဲ့
အချက်အမြဲ စဥ်းစားတဲ့သူတွေရှိတယ်။
သူတို့က Family type ဆိုပြီး
သူတို့ Family တိုက်ဆောက်ဖို့
ငါ့ကို လိုတာထက် ပိုခိုင်းတယ်လို့
စဥြးစားတဲ့သူ။
ဝတ်ကြေတမ်းကြေပဲလုပ်တဲ့သူ
သူတို့ရဲ့ စဥ်းစားပုံမတူသလို
အနာဂတ်လားရာလဲ မတူဘူး။
၃။ Law of increasing return
ကော်ဖီဆိုင်မှာ၊ စားသောက်ဆိုင်မှာတောင်
tip ပေးရင် service က
ပိုကောင်းတာမျိုးတွေ့လိမ့်မယ်။
ဒီအချက်ကို အောင်မြင်တဲ့
လုပ်ငန်းရှင်တွေက ကောင်းကောင်းသိတယ်။
လက်ဆောင်ပေးတာ၊
သာမာန်ထက် premium အနေနဲ့ပိုပေးတာက
လူတော်တွေကို ဆွဲဆောင်နိုင်သလို
တခြားသူတွေအနေနဲ့
ကိုယ့်ကို အောင်မြင်စေချင်တာမျိုး
ဖြစ်ပေါ်စေတယ်။
သုံးစရာရှိတဲ့နေရာမှာ သုံးတတ်ကြတယ်။
၄။ Master Mind
အောင်မြင်တဲ့ လုပ်ငန်းရှင်နဲ့
အရမ်းအောင်မြင်တဲ့ လုပ်ငန်းရှင်မှာ
ကွာခြားတဲ့အချက်က
နောက်ကွယ်ကနေ ပံ့ပိုးပေးတဲ့
အသိပညာရှင်၊ အတတ်ပညာရှင်ရှိခြင်း
မရှိခြင်းပဲ။
အောင်မြင်တဲ့လုပ်ငန်းရှင်က
သူ့အစွမ်းအစတစ်ခုရဲ့ ပါဝါကို
အသုံးပြုတယ်။
အရမ်းအောင်မြင်တဲ့ လုပ်ငန်းရှင်က
သူ့အစွမ်းအစအပြင် မတူညီတဲ့
Master Mind အစွမ်းကိုအသုံးပြုတယ်။
၅။ Specialized Knowledge
အောင်မြင်တဲ့သူတိုင်းမှာ
သူ့အလုပ်၊ သူ့နယ်ပယ်နဲ့ပတ်သက်ရင်
တခြားသာမာန်လူတွေထက် ထူးကဲတဲ့
မြင်နိုင်စွမ်း အသိပညာရှိတတ်ကြတယ်။
သာမာန်အသိပညာမျိုးမဟုတ်ပဲ
ထိုးထွင်းခွဲခြမ်းပြီး စနစ်တကျ
စုစည်းထားတဲ့ အသိပညာမျိုးဖြစ်တယ်။
၆။ Emotion
စိတ်ခံစားမှုတွေကို ထိန်းချုပ်ကွက်ကဲနိုင်ခြင်းက
အောင်မြင်သူနဲ့ သာမာန်သူတွေကို
ကွာခြားစေတဲ့နောက်တစ်ချက်ပဲ။
အောင်မြင်တဲ့သူတွေက
ပူပင်သောက ဗျာပါဒ အပြင်
လူတွေကို ငါ့ကိုဘယ်လိုထင်မလဲ၊
ဝေဖန်ခံရတာကို ကြောက်စိတ်၊
ရှုံးနိမ့်မှာကြောက်စိတ်၊
idea အသစ်အစမ်းကို စမ်းရမှာကြောက်စိတ်
ဒါတွေကို ကျော်လွှားနိုင်သလို
Self-control လဲကောင်းကြတယ်။
၇။ Learning and Growth
အောင်မြင်တဲ့သူတွေက အမြဲ
သင်ယူလေ့လာနေတယ်။
၈။ Definiteness of Purpose
ဒီအချက်အရမ်းအရေးကြီးတယ်။
ကိုယ်ဘာဖြစ်ချင်လဲဆိုတာ
ကောင်းကောင်းသိတယ်။
ဟိုဟာလဲလုပ်ချင်၊
ဒီဟာလဲ လုပ်ချင်ဖြစ်ပြီး
ဘာလုပ်ရမလဲမသိ ဗျာများတဲ့အဆင့်
မဟုတ်တော့ဘူး။
၉။ Concentration & Tolerance
အလုပ်အပေါ် အာရုံစူးစိတ်မှုနဲ့
ဒူပေဒါပေခံနိုင်ရည်မှာ
အောင်မြင်တဲ့သူတွေက
လောကဓံအထုအထောင်းကို
massage လိုပဲ သဘောထားတယ်။
ဒါကို ကျော်ဖြတ်နိုင်တယ်။
ဟိုးရှေးရှေးက စာအုပ်ဖြစ်တဲ့
Napolean Hill ရဲ့
The law of success ဖတ်ရင်း
အားတီ၊ အားမေတို့အတွက်
note ထုတ်ထားတာ။
Phyo Paing @ Derek