ဟိုနေ့က New Zealand မှာ အလုပ်လုပ်နေတဲ့ ညီလေးနဲ့. ပြောဖြစ်တယ်။ Coach ယူတာ။ သူဟိုးအရင်က ပန်းကန်ဆေးတယ်။ ဒါပေမယ့် Chef တွေ train လုပ်တာကောင်းတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုအရမ်းရှိပြီး I am the best dish washer in the world လို့တောင်ယုံကြည်တယ်လို့ပြောတယ်။
ဘာအလုပ်လုပ်နေနေ ကိုယ့်အလုပ်ကိုကိုယ် ဂုဏ်ယူဖို့ အရေးကြီးပါတယ်။ ဂျွန် F ကနေဒီ လက်ထက်က NASA မှာ အိမ်သာဆေးသမားက ကျွန်တော် အိမ်သာဆေးနေတာမဟုတ်ဘူး၊ လူ လကမ္ဘာရောက်ဖို့ ကူညီပေးနေတာတဲ့။
Phyo Paing @ Derek