Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။

လူတွေကြားထဲအထီးကျန်နေတာမျိုး၊
အချိန်ရှိပြီး ဘာလုပ်ရမှန်းမသိတာမျိုး၊
ဘဝမှာ ရည်ရွယ်ချက်မရှိ
ဘာကြောင့်ရှင်သန်နေလဲ အဖြေမရှိတာမျိုး၊
သေမထူး၊ နေမထူး
နေ့စဥ်ဘဝက ဒီလိုပါပဲနဲ့ဖြတ်သန်းနေရတာမျိုး။
ကိုယ့်ဘဝကိုယ်စဥ်းစားပြီး
ဝမ်းနည်းမှုတွေနဲ့ ခံစားချက်တွေကို
ထုတ်ပြောဖို့ လူမရှိတဲ့ခံစားချက်မျိုး။

ဒါမျိုး ကိုယ်နဲ့ ကိုယ်ကော်နက်ရှင်
မမိတာမျိုး လူတော်တော်များများဘဝမှာ
တစ်ခါမဟုတ် တစ်ခါကြုံဖူးကြလိမ့်မယ်။

အသက်ရှင်ပြီး အသက်မဝင်နေတာမျိုးပေါ့။

ဒီပြဿနာကိုဖြေရှင်းဖို့
spirituality ဆိုတာဖြစ်လာတယ်။
ဘဝကို အဓိပ္ပာယ်တစ်ခုပေးဖို့ပေါ့။
ဒီအဓိပ္ပာယ်ပေးတဲ့အခါ ယုတ္တိကျတဲ့ logic လိုတယ်။
ဒီတော့ philosophy နောက်ကလိုက်လာတယ်။

spirituality ဆိုတာ အလေ့အကျင့်။
philosophy ကတော့ အတွေးအခေါ်။

အချစ်ဆိုတာ spirituality experience တစ်ခုပဲ။
အလုပ်ဆိုတာလဲ စိတ်ထားတတ်ရင်
spiritual experience တစ်ခုဖြစ်နိုင်တယ်။
ဘာသာတရား religion ကနေလဲ
spirituality experience ရကြတယ်။

Religion ဘာသာတရားအများစုမှာ
ဒီ spirituality နဲ့ philosophy ပေါင်းထားတယ်။

ဥပမာ ဗုဒ္ဓဘာသာဆိုပါတော့။
ဘဝဆိုတာဒုက္ခ။
ဒုက္ခဆိုတာလိုချင်တပ်မက်မှုတဏှာကလာတယ်။
ချုပ်ငြိမ်းတဲ့နေရာရှိတယ်။
နိဗ္ဗာန်လို့ခေါ်တယ်။
ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။
မှန်ကန်တဲ့အမြင်၊
အတွေးရည်ရွယ်ချက်၊
အပြော၊ အလုပ်၊အသက်မွေးမှု၊
အားထုတ်မှု၊ သတိ၊ သမာဓိလိုတယ်။

ဒီထဲမှာ logic ယုတ္တိပါတယ်။
နောက်လေ့ကျင့်ဖို့
ဝိပဿနာ (နက်နဲစွာထိုးထွင်းသိမြင်ခြင်း)
ကျင့်စဥ်ပါတယ်။
နေထိုင်ရမည့် code ပါတယ်။

အသေးစိတ်သွားတဲ့ သုံးဆယ့်တစ်ဘုံ
31 Buddhist Cosmology နဲ့သွားတယ်။

တခြား Spirituality Practice တွေမှာ
အကုန်လုံးက One ပဲ။
Universe အသံနားထောင်ရမယ်။
ငါဆိုတဲ့ အလွှာကိုဖယ်ပြီး
လက်နက်ချခြင်း Surrender လုပ်ခြင်းနဲ့သွားတာမျိုး။
ဒါမျိုးရှိမယ်။

Islam မှာ judgement day အတွက်
ဘဝကိုနေထိုင်ဖြတ်သန်းရမည့်
ကျင့်ဝတ်၊ လုပ်ရပ်တွေရှိမယ်။

ဒီနေ့ modern လူမှုဘဝမှာတော့
ကိုယ့်ရဲ့ purpose (Why) ကိုရှာတာနဲ့
ဘဝကို အသက်ရှင်ပြီး
အသက်ဝင်ဖို့လုပ်ကြတယ်။
လုပ်ငန်းအတွက်ဆိုရင်တော့
Mission ရပ်တည်ရတဲ့ရည်ရွယ်ချက်
the reason for existence ပေါ့။

လူသားအတွေ့အကြုံဘဝမှာ
အသက်ရှင်ပြီး အသက်ဝင်ဖို့
ဘဝမှာ ရှင်သန်ခြင်းရဲ့
အဓိပ္ပာယ်တစ်ခုလိုအပ်တယ်။

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။

Phyo Paing @ Derek

Share Your Idea!​