ကိုယ့်အတွေးကို ပြောင်းရင်
ကိုယ့်ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကိုလဲ
ပြောင်းလို့ရတယ်။
ပတ်ဝန်းကျင်ကိုလဲပြောင်းလို့ရတယ်။
အနာဂတ်ကိုလဲ ပြောင်းလဲလို့ရတယ်။
ဒါကြောင့် ဗုဒ္ဓက
‘စိတ်ဟာ အရာရာရဲ့ ရှေ့ဆောင်ဖြစ်တယ်’ လို့
မိန့်ဆိုခဲ့ပါတယ်။
ဘယ်မှာဆိုမိန့်ခဲ့လဲဆို
ဓမ္မပဒရဲ့ ပထမဂါထာကို ပါဠိလိုဆို
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊
မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊
ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမန္ဝေတိ၊
စက္ကံဝ ဝဟတော ပဒံ။”
မြန်မာလို အဓိပ္ပာယ်က –
“စိတ်သည် အရာခပ်သိမ်းတို့၏
ရှေ့သွားဖြစ်၏။
စိတ်သည် အရာခပ်သိမ်းတို့၏
အကြီးအမှူးဖြစ်၏။
စိတ်ဖြင့်သာ ပြုပြင်အပ်ကုန်၏။
ညစ်ညမ်းသော စိတ်ဖြင့်
ပြောဆိုလျှင်လည်းကောင်း၊
ပြုလုပ်လျှင်လည်းကောင်း၊
ထိုသူ၏နောက်သို့ ဆင်းရဲသည်
အစဉ်လိုက်၏။
နွားလှည်းဘီးသည် နွားခြေခုတ်ရာသို့
လိုက်သကဲ့သို့တည်း။”
ဒါကြောင့် ကိုယ့်စိတ်ကိုယ်လွမ်းမိုးတဲ့
အတွေးကို သတိပြုပါ။
အတွေးကောင်းဖို့
ကိုယ်အာရုံစိုက်တဲ့အရာတွေကို
ဂရုပြုပါ။
Phyo Paing @ Derek