လူတွေကို အကြမ်းအားဖြင့်
အားသာချက်လေးမျိုးနဲ့ကြည့်လို့ရတယ်။
၁။ Strategy မဟာဗျူဟာ
လမ်းကြောင်းတွေ၊ ဖြစ်နိုင်ခြေတွေ
အများကြီးကို အပေါ်စီးကမြင်နိုင်တာ
၂။ Relationship ပေါင်းသင်းဆက်ဆံရေး
ကိုယ်နဲ့တွေ့တဲ့လူနဲ့ အလွယ်တကူ
ချိတ်ဆက်နိုင်စွမ်း။
လူချစ်လူခင်ပေါများတာ
၃။ Influence လွမ်းမိုးနိုင်စွမ်း
ကိုယ့်ကို စင်ပေါ်တင်လိုက်တာနဲ့
လူတွေရဲ့ အာရုံစိုက်မှုက
ကိုယ့်ဆီရောက်လာတာ
၄။ Execution အကောင်အထည်ဖော်နိုင်စွမ်း
ဒါလုပ်မယ်လို့ဆိုဖြတ်ပြီးရင်
မရရအောင် အကောင်အထည်ဖော်နိုင်စွမ်း
မဟာဗျူဟာကောင်းတဲ့သူ
Strategist တွေက puzzle တွေဆက်သလို
အလုပ်တွေအများကြီးလုပ်တယ်။
ဒီ အကွက်တွေက တချို့ကျရင်
အကုန်စုစည်းသွားမယ်ဆိုပြီး
စိတ်ရှည်ရှည်နဲ့ အကွက်ချ
အလုပ်နဲ့ ဘဝကို တည်ဆောက်တယ်။
Relationship ကောင်းသူက
ဘယ်သူနဲ့ ပေါင်းပြီး ဘာအလုပ်ကို
လုပ်မယ်ဆိုတာ စဥ်းစားထားတယ်။
ရင်းနှီးမြုပ်နှံသူတွေရဲ့ငွေနဲ့
ကိုယ့်ကိုအလုပ်လုပ်ပေးမည့်သူတွေကြားမှာ
integration စုစည်းမှုကိုလုပ်ဆောင်ပေးတယ်။
Influencer က သာမာန်ကုန်ပစ္စည်းတစ်ခုကို
ပေါက်ကွဲမှုအားကောင်းကောင်းနဲ့
လူတွေကို သိသွားအောင်
သတင်းဖြန့်နိုင်စွမ်းရှိတယ်။
သူ့ရဲ့အစွမ်းက message တစ်ခုကို
လော်စပီကာနဲ့ အောင်သလို
amplification လုပ်ဆောင်နိုင်စွမ်းပဲ။
Execution လုပ်တဲ့သူရဲ့အားသာချက်က
အအိပ်အစားနည်းပြီး
သတ်မှတ်တာဝန်ကို မဖြစ်ဖြစ်အောင်လုပ်နိုင်တာ။
အလုပ်အများကြီးကို အာရုံမစိုက်ချင်ဘူး။
တစ်ခုဆိုတစ်ခု ဒီတစ်ခုကို
တခြားသူတွေထက်ပိုကောင်းအောင်
operational effectiveness
ကောင်းကောင်းနဲ့ လုပ်ဆောင်တယ်။
လူတွေမှာ တစ်ခုခုကို အရမ်းပိုအားသန်တဲ့
natural inclination မွေးရာပါအားသာချက်
တွေရှိတတ်ကြတယ်။
ကိုယ့်ကိုကိုယ် သာအမှတ်ပေးရမယ်ဆို
တစ်ခုကို အားသာနေတာမျိုးတွေ့ရတတ်တယ်။
ဒီလို အချိန်မျိုးမှာ
အဲ့ဒီအာသာချက်ကို အသုံးပြုပြီး
မတူညီတဲ့သူတွေကို မတူညီတဲ့နေရာ
နေရာချပြီး အသုံးပြုနိုင်ရင်
လိုရာခရီး မြန်မြန်ရောက်တယ်။
Phyo Paing @ Derek