ကိုယ်က middle class family ထဲပါမယ်။
ကလေးအတွက်လဲကျောင်းစရိတ်ကို
သိန်း ၁၀၀ -၂၀၀ အတွင်းပဲ သုံးမယ်ဆို
ဆက်ဖတ်ကြည့်ပါ။
ကျွန်တော်ကတော့
သာမာန်ပဲစဉ်းစားကြည့်တယ်။
မြန်မာပြည်မှာဆို Business, IT နဲ့
အလုပ်ရှာလို့လွယ်တဲ့ Accounting တို့က
အသက်မွေးဝမ်းကျောင်းအပိုင်းမှာ
ပိုအဆင်ပြေနိုင်တယ်။
ပြီးရင် ဘွဲ့ရဖို့ UK pathway ကလဲ မြန်တယ်။
ဟိုးအရင်ခေတ်ကတည်းက ပုံစံဆို
အလုပ်ရှာရလွယ်တဲ့ စာရင်းကိုင်ဆို
LCCI, ACCA ပေါ့။
Business ဆို ABE
IT ဆို NCC
ဒါမှ မဟုတ် HND pathway နဲ့လဲ
အသွားများကြတယ်။
IGCSE တို့တက်ပြီး
နိုင်ငံခြားကျောင်း try တို့သူတွေလဲရှိမယ်။
ကိုယ့်က ကမ္ဘာ့ထိပ်တန်းကျောင်းတွေ
တက်ဖို့ရည်ရွယ်တာမဟုတ်ဘူး။
အသိအမှတ်ပြု ဘွဲ့တစ်ခုရ
အလုပ်လုပ်မယ်ဆိုရင်တော့
Top Up သွားတဲ့ လမ်းကျောင်းတွေက
ပထမဘွဲ့ရဖို့ မြန်မြန်နဲ့
စရိတ်နည်းနည်းနဲ့ ရအောင်
ကူညီပေးလိမ့်မယ်။
တရုတ်ဖက်က လူတစ်စု
middle class လောက်က
ပထမဘွဲ့ကို သူ့နိုင်ငံမှာတက်ပြီး
master ကို စလုံးမှာသွားတတ်ကြတယ်။
စလုံးက NUS တို့ NTU တို့ကို
ငွေရှာအများဆုံး program တွေက
အဲ့ဒီ program တွေလို့ NUS ရဲ့ MBA director
ပြောဖူးတာ မှတ်မိတယ်။
MSc တွေက Undergrat နဲ့
MBA အတန်းနဲ့ယှဉ်ရင်
လျှောက်ရလဲ အရမ်းမခက်ဘူးလို့ဆိုတယ်။
တရုတ်ဖက်လုပ်သလို ပထမဘွဲ့ယူပြီး
GMAT ဖြေ၊ အလုပ်အတွေ့အကြုံရှိရင်
ကမ္ဘာ့ထိပ်တန်း MBA တက်လို့ရတယ်။
GMAT ကတော့ အမှတ်တော်တော်
ကောင်းမှရမယ်။
နီးနီးနားနားဆို စလုံးမှာ Insead တို့ရှိတယ်။
ခုနောက်ပိုင်း Malaysia မှာပထမဆုံးဖွင့်ထားတဲ့
တရုတ်ရဲ့ ပထမဆုံး Xiamen University လဲ
မဆိုးဘူး။
ဒါတွေက ပထမဘွဲ့ပြီးမှ စဉ်းစားတာကောင်းတယ်။
ကိုယ်က ငွေအများကြီးပုံမသုံးချင်ဘူးဆိုရင်ပေါ့။
Scholarship တို့ ဘာတို့လျှောက်တယ်ဆိုတာက
အချိန်တစ်ခု ကုန်စေတယ်လို့တော့ထင်တယ်။
ကျွန်တော်သာဆို ပြည်တွင်းမှာ
ဘွဲ့မြန်မြန်ရမည့် UK ဘွဲ့တစ်ခု အမြန်ယူမယ်။
နောက် အဲ့ဘွဲ့နဲ့နိုင်ငံခြားမှာ အလုပ်အကိုင်ရှာဖို့
စဉ်းစားမယ်။
နောက်တခြားမှာ အခြေချဖြစ်မယ်။
အသက် ၂၀ ကျော်ဆိုရင်ပေါ့။
ပညာရေးဆိုတာကလဲ ငွေလမ်းခင်းရပြန်တယ်။
ရှိသင့်ရှိထိုက်တဲ့ credential မရှိပြန်ရင်လဲ
မျက်နှာမွဲဖြစ်ရပြန်တယ်။
လူဖြစ်ရတာ လွယ်တော့မလွယ်ဘူး။
Phyo Paing @ Derek