Content as a service စမယ်ဆိုတာထက်
ကိုယ့်ကိုကိုယ် challenge ခေါ်တဲ့အနေနဲ့
တစ်ရက်တစ်အုပ် စာဖတ်မယ်။
Note ထုတ်မယ်။
Video ရိုက်ပြန်ပြောပြမယ်။
ကိုယ်လဲပိုမှတ်မိမယ်။
တခြားသူတွေလဲ လေ့လာလို့ရမယ်။
ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်မယ်။
ဘယ်လောက်ထိသွားနိုင်မလဲ
ကြည့်မယ်ဆိုပြီး စခဲ့တယ်။
ကြားထဲ Omicron ဖြစ်တဲ့အချိန်
မနည်းရုန်ကန်ထရတယ်။
ခေါင်းတွေမူး၊ အားမရှိ၊
အသံမထွက်တဲ့ ဒဏ်တွေကြား
Routine ကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး
ကျော်ဖြတ်ခဲ့တယ်။
ဒီနေ့တော့ ရက်ပေါင်း ၁၅၀ ပြည့်ပြီ။
ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ
နေ့တိုင်းလုပ်ပါ။
Phyo Paing @ Derek