ကိုယ်နဲ့တွေ့တဲ့လူက ဆုရတာပဲ
ဆိုတဲ့ concept စဥ်းစားကြည့်။
တရုတ်သီချင်းတစ်ခု စာသားကို
သဘောကျတယ်။
你得冠军我是奖品
မင်းက ချန်ပီယံ ငါကဆုလဒ်တဲ့။
လူတွေက self-esteem နည်းတဲ့အခါ
ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းတယ်။
ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို
ကိုယ်က ပိုအကျိုးရှိစေရမယ်ဆိုတဲ့
စိတ်ထား ထားဖို့ထက်
ကိုယ်က ဘာယူလိုက်ရမလဲ
စဥ်းစားမိတတ်တယ်။
ကိုယ်နဲ့အလုပ်လုပ်တဲ့သူ၊
တွေ့ဆုံကြုံကြိုက်တဲ့သူတိုင်းဟာ
ဆုရတာနဲ့ တူတယ်ဆိုတဲ့ စိတ်ထားကြည့်
တစ်ခုခု အပြောင်းအလဲဖြစ်နိုင်တာ
တွေ့ကောင်းတွေ့လိမ့်မယ်။
Phyo Paing @ Derek