ဘာကြောင့်လဲဆိုတော့
ကိုယ့်ရဲ့ တွေးတောကြံဆ
ယုံကြည်ချက်တွေက
မှားနိုင်ခြေရှိတယ်။
ကိုယ့်ရဲ့ တဒင်္ဂစိတ်ခံစားချက်
အတွေးအခေါ်၊ ယုံကြည်ချက်တွေ
အနာဂတ်အတွက် ယူဆချက်တွေက
မှန်ချင်မှ မှန်မှာ။
ဒါတွေကို မျက်စိစုံမှိတ်ယုံကြည်တာထက်
ပြန်လည်သုံးသပ်မှု ဖြစ်စဉ်လိုတယ်။
ကိုယ့်ရဲ့ယုံကြည်ချက်၊ အတွေးအခေါ်၊
ခံယူချက်ကို နေ့စဉ်သုံးသပ်နေတဲ့အခါ
ဘဝက ဝေဒနာတွေနဲ့ ဖြတ်သန်းစရာမလိုတော့ဘူး။
Data တွေက လမ်းပြသွားတယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ်
မျက်စိမှိတ် မယုံလိုက်နဲ့။
ဘာကြောင့်လဲဆိုတော့
ကိုယ့်ဘဝရဲ့ အကြီးဆုံး
အတားအဆီးက ကိုယ်ကိုယ်တိုင်
ဖြစ်နေတတ်တယ်။
Phyo Paing @ Derek