Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံး မနှမြောပါနဲ့။

ငွေရေးကြေးရေး

ငယ်ငယ်တက်ကျမ်းတွေ ဘာတွေ
အရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေ
Rich Dad Poor Dad ကိုရေးတဲ့
Robert Kiyosaki ရဲ့ အယူအဆတစ်ခုက
ခေါင်းထဲ အရမ်းစွဲနေတယ်။

Cashflow is King တို့
Cashflow > Capital Gain တို့က
Financial Decision အများစုကိုလွမ်းမိုးနေတယ်။

ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံး မနှမြောဖို့၊
လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာ
သုံးစွဲဖို့ အဓိကစဉ်းစားတယ်။

ဘယ်သူပဲဖြစ်ဖြစ် Financial Education
သိထားမှာ မှန်ကန်တဲ့ Financial decision
ချမှတ်လို့ရမှာ။

တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီ
ဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲ
ဆိုတဲ့ မေးခွန်းကမှားတယ်။

ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုက
ငွေပြန်မရှာပေးရင် revenue-producing asset
မဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။

မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာ
ဒီလောက်ကြာပြီ တစ်လတစ်လ
Positive Cashflow ဘယ်လောက်ရှိလဲ
ဖြစ်ရမယ်လို့ထင်တယ်။

လူတိုင်း တိုင်းတာတဲ့ metrics တွေတော့မတူဘူး။
ကျွန်တော်ကတော့ Cashflow is king လို့
ယုံကြည်ပြီး
Own where you can rent;
Rent where you want to live ဆိုတာ
လက်ခံထားတယ်။

Phyo Paing @ Derek

Share Your Idea!​