စီးပွားရေးလုပ်တဲ့
ပထမ ရည်ရွယ်ချက်က
ကိုယ်ပျော်တာကို
အချုပ်အချယ်မရှိ လုပ်နိုင်ဖို့။
နောက်တစ်ခုက
ကိုယ့်ကိုတိုးတက်အောင်
လုပ်ပေးဖို့။
တတိယတစ်ချက်က
ကိုယ်ရောက်ချင်တဲ့ အိမ်မက်ကို
တစ်ဆင့်ချင်းတွန်းပို့ပေးနိုင်အောင်လို့။
ဒါကြောင့် ကိုယ့်ကို မပျော်စေတော့တဲ့
အလုပ်မလုပ်ဘူး။
ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ်
မလုပ်ဘူး။
ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့
သွေဖယ်စေတဲ့ အလုပ်
မလုပ်တော့ပဲ လွဲပြောင်းပေးခဲ့တယ်။
ဘဝက တိုတိုလေး။
ဒီသုံးချက်နဲ့ မကိုက်တဲ့အလုပ်
မလုပ်သင့်ဘူးလို့ ကိုယ့်ဥပဒေသထဲ
ထည့်ထားတယ်။
Phyo Paing @ Derek