စစ်ဆင်ရေးမှာ အရေးအကြီးဆုံးက
စိတ်ဓာတ်စစ်ဆင်ရေးပဲ။
Vietnam စစ်ပွဲမှာ အမေရိကန်လို
စစ်အင်အားကြီးတဲ့ နိုင်ငံကိုပြန်တိုက်နိုင်ဖို့
စိတ်ဓာတ်စစ်ဆင်ရေးဟာ အရေးပါတဲ့
အပိုင်းမှာ ပါဝင်ခဲ့တယ်။
လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို
ရိုက်ချိုးနိုင်ရင် သူ့ကို ထိန်းချုပ်လို့ရပြီ။
ထိန်းချုပ်ဖို့အလွယ်ဆုံး စိတ်ခံစားချက်က
အကြောက်တရားပဲ။
အကြောက်တရားဖြစ်ဖို့
မသေချာမရေရာမှုတွေ
မျှော်လင့်ချက်မဲ့အောင်
ပြုလုပ်မှုတွေဖြစ်အောင်
လုပ်ကြတယ်။
ဒါကို နာဇီ concentration camp တွေမှာ
ဂျူးတွေကို ညင်းဆဲခဲ့တဲ့ပုံကြည့်ရင် သိနိုင်တယ်။
စိတ်ဓာတ်စစ်ဆင်ရေးကို အောင်နိုင်ဖို့
ပထမဆုံးဖယ်ရှားရမှာ မျှော်လင့်ချက်
Hope ပဲဖြစ်တယ်။
ဟစ်တလာလက်ထက်က ဒီ Christmas မှာ
လွတ်တော့မယ်ဆိုတဲ့ သတင်းလွင့်တယ်။
လူတွေက မျှော်လင့်ချက်တွေရှိလာတယ်။
စောင့်ကြတယ် မလွတ်ဘူး။
ဘယ်နေ့မှာ လွတ်မယ်ကြားတယ်။
မလွတ်ပြန်ဘူး။
ဒီလို အချိန်ပေါင်းများစွာဖြစ်လာတဲ့အခါ
မျှော်လင့်ချက်တွေ မဲ့လာကြတယ်။
စိတ်ဓာတ်တွေ ကျလာတယ်။
အနာဂတ်တွေ ပျောက်လာတယ်။
တချို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်။
ဒါကို သတိထားမိတဲ့ စိတ်ပညာရှင်
Viktor Franklr က မျှော်လင့်ချက်အစား
ဘဝအဓိပ္ပာယ်ကို သတ်မှတ်တယ်။
ငါသေလို့မရသေးဘူး။
အပြင်မှာ အသက်ရှင်နေတဲ့
ငါ့မိဘတွေကို ပြုစုရအုံးမယ်။
ငါဒီ concentration camp ထဲမှာ
သေသွားလို့မရဘူး။
ငါ့သား၊ သမီးကို နောက်ဒီလိုအဖြစ်တွေ
မဖြစ်ဖို့ အသက်ရှင်လျက်ထွက်ပြီး
ကမ္ဘာကြီးကို ပြန်ပြောပြရမယ်။
ဒီ Why တွေကို အသုံးပြုပြီး
စိတ်ရှည်မှုကို တည်ဆောက်ခဲ့တယ်။
အသက်ရှင်လွတ်မြောက်ခဲ့သလို
ကမ္ဘာကျော် logotherapy ဆိုတာကို
တီထွင်ပြီး လူသားတွေကို
အကျိုးပြုနိုင်ခဲ့တယ်။
ဘယ်နေ့မှာ ဘာဖြစ်မယ်ဆိုတဲ့
တပါးသူလုပ်ပေးမှ ဖြစ်မည့်
မျှော်လင့်ချက်တွေကို မေ့လိုက်ပါ။
ကိုယ့်ဘဝ အဓိပ္ပာယ်အပေါ်
အာရုံစိုက်ထားပါ။
ဒီနေ့လို အချိန်မှာ ပြဿနာတွေ
အရင်ကထက် ပိုများပါတယ်။
မီးမလာဘူး။ ကုန်စျေးနှုန်းတွေ
အရမ်းတက်လာတယ်။
လူတွေ ကျန်းမာရေးမကောင်းကြဘူး။
ဒီလိုပြဿနာတွေကြားမှာ
အကြည်ဓာတ်မပျောက်ပဲ
ရှင်သန်နိုင်ဖို့ ဘဝရဲ့ သမိုင်းပေးတာဝန်ကို
အာရုံပြုထားဖို့လိုတယ်။
ကျွန်တော့်ရဲ့ သမိုင်းပေးတာဝန်က
လူသားတွေရဲ့ ဘဝကို ပညာရေးနဲ့
နည်းပညာအသုံးပြုပြီး
ပြောင်းလဲပေးဖို့ဖြစ်တယ်။
ပြေးလို့မရရင် လမ်းလျှောက်မယ်။
လျှောက်လို့မရရင် တွားသွားမယ်။
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ။
ဒါနဲ့
မိတ်ဆွေရဲ့ သမိုင်းပေးတာဝန်က
ဘာများဖြစ်မလဲ။
ကိုယ့်ကိုကိုယ်ပြောမိတာ
မျှော်လင့်ချက်အစား
ကိုယ်အသက်ရှင်နေတဲ့
ဘဝ meaning ကို
အာရုံစိုက်ပါ။
ကိုယ့်စိတ်ကို မအောင်ရင်
တခြားအရာတွေကို
အောင်မြင်အောင် လုပ်ဖို့ခက်တတ်ပါတယ်။
Phyo Paing @ Derek