ပျော်စရာရှိရင် အရမ်းမပျော်အောင်စိတ်ထိန်းသလို
စိတ်ညစ်စရာရှိရင်လဲ စိတ်အရမ်းမညစ်
ကောင်းလှတဲ့သာယာတပ်မက်မှုတွေကို
တမင်တကာ ရှောင်တဲ့ ဘဝနေထိုင်နည်းကို
Stoic philosophy လို့ခေါ်တယ်။
တစ်နည်းအားဖြင့် attachment အနည်းဆုံးနဲ့
နေထိုင်နည်းဖြစ်ပါတယ်။
အခက်အခဲ သို့ စိန်ခေါ်မှုများတဲ့ ကာလတွေဖြစ်တဲ့
ကမ္ဘာ့ကပ်ရောဂါ၊ ကမ္ဘာစစ် တွေမှာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်က
အတွေးအခေါ်က အထောက်အကူအလွန်ပြုတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က
ရောမဘုရင် အင်ဘာယာ
Marcus Aurelius ရဲ့ ABC model
Adversity, belief and consequences အရ
ဥပမာ
“Adversity” စစ်တပ်က အာဏာသိမ်းလိုက်တယ်။
ဒီနောက်ကွယ်မှာ “Belief” မျိုးစုံရှိမယ်။
တချို့က ငါ့အနာဂတ်သွားပြီ။
တချို့က ဒါမတရားဘူး။
လူအများစုက ငါတို့ တိုင်းပြည်အတွက်
အနာဂတ်အတွက် တွန်းလှန်မှရမယ်။
တချို့က ဒါ Federal democracy ဖြစ်ဖို့ ဖြစ်လာတာ။
ယုံကြည်မှုပေါင်းမျိုးစုံရှိလိမ့်မယ်။
“Consequences” နောက်ဆက်တွဲအနေနဲ့
တချို့က တွန်းလှန်တယ်။
တချို့က ကပ်ဖားတယ်။
တချို့က သွေးပျက်တယ်။
တချို့က တခြားမှာအခြေချဖို့စဉ်းစားတယ်။
တချို့က ဆက်လက်ဦးဆောင်တိုက်ပွဲဝင်တယ်။
အရေးအကြီးဆုံးက ကိုယ့်ရဲ့
Belief system ကို ပြန်လည်ဆန်းစစ်ဖို့။
Fact ပေါ်မူတည်ပြီး အကောင်းဆုံးရလဒ်
the best outcome (consequence) ရဖို့
belief system ကို ပြန်ဆန်းစစ်ရမယ်။
Phyo Paing @ Derek