ကျွန်တော် Derek ရဲ့ Mental Model ၁၂ ခု
၁။ ဆုံးရှုံးနိုင်ခြေ ဘယ်လောက်ရှိသလဲ။
အကောင်းဆုံးဖြစ်နိုင်ခြေ
ဘယ်လောက်ရှိသလဲ။
ဒါက ကျွန်တော်အမြဲအသုံးပြုတဲ့
mental model တစ်ခုဖြစ်တယ်။
Mental model ဆိုတာ အခြေအနေ
တစ်ခုကို အဓိပ္ပာယ်ဖွင့်တဲ့အချိန်
ဆုံးဖြတ်ချက်ချတဲ့အချိန်အသုံးပြုတဲ့
မြေပုံ တစ်ခုဖြစ်တယ်။
ဒီ downside risk ဘယ်လောက်ရှိလဲ၊
upside potential ဘယ်လောက်ရှိသလဲဟာ
ဆုံးဖြတ်ချက် ချတာတွေကို လွယ်ကူစေတယ်။
၂။ မနက်ဖြန် ဘာပြဿနာကြုံနိုင်လဲ။
ဒါက ဒုတိယ mental model ဖြစ်တယ်။
ကျောင်းပြီးရင် အလုပ်မရတာကြုံနိုင်တယ်။
အလုပ်လုပ်တဲ့အခါ မအောင်မြင်တာကြုံနိုင်တယ်။
Social Media မှာ content marketing လုပ်တဲ့အခါ
ကိုယ့်ကို တိုက်ခိုက်တာတွေ ကြုံနိုင်တယ်။
ဝန်ထမ်းရေးရာ ပြဿနာ ကြုံနိုင်တယ်။
အသက်ကြီးတဲ့အခါ မကျန်မာတာကြုံနိုင်တယ်။
အထီးကျန်တာ ကြုံနိုင်တယ်။
စိတ်ရဲ့ ကျက်စားရာမရှိတာ ကြုံနိုင်တယ်။
သေခါနီးအချိန် ဘေးမှာ ပြုစုတဲ့သူမရှိတာကြုံနိုင်တယ်။
အစရှိတဲ့ ကြုံနိုင်တဲ့ ပြဿနာတွေကို
list ရေးချပြီး ဒါကို ဘယ်လို
ကြိုတင်ကာကွယ်မလဲဆိုတဲ့
မနက်ဖြန်ပြဿနာတွေကို ဖြေရှင်းဖို့
ကြိုတင် ပြင်ဆင်တာ ဒုတိယ mental model ပါ။
၃။ တတိယ mental model က
ကိုယ်စိတ်ချမ်းသာဖို့ အရေးအကြီးဆုံးပဲ။
တစ်ခုခုလုပ်တော့မယ်ဆို တခြားသူတွေကို
ငါ့ကို အထင်ကြီးသွားမလားဆိုတာထက်
ငါလုပ်လိုက်လို့ ငါ စိတ်ချမ်းသာမလား။
ဒီ satisfaction ကို အဓိကထား ဆုံးဖြတ်တယ်။
တခြားသူတွေအတွက် အသက်မရှင်ဘူး။
မိသားစုအတွက်၊ အမျိုးကြားအထင်ကြီးခံရဖို့
ကိုယ့်ကိုကိုယ် ညင်းပန်းတဲ့ အလုပ်တွေ
အကြာကြီး လုပ်ခဲ့ပြီးပြီ။
ကိုယ်မကြိုက်ရင် မလုပ်ဘူး။
၄။ စတုတ်ထ mental model က
သောက်တလွဲတွေဖြစ်ဖို့ မျှော်လင့်ထားပါ။
ဒါကတော့ တော်တော် အသုံးဝင်တဲ့
model တစ်ခုပဲ။
ထင်ထားသလိုလဲ ဖြစ်ဖြစ်လာတယ်။
ဥပမာ video recording လုပ်တဲ့အခါ
ဖုန်းနဲ့ အသံပြန်ဖမ်းထားတာမျိုး။
တခုခု software က error ဖြစ်ပြီး
အသံပါမလာရင် backup plan အနေနဲ့
လုပ်ထားလို့ရတယ်။
၅။ နံပတ်ငါးအချက်ကတော့
ငါလုပ်နေတာ စမ်းသပ်မှုတွေပဲဆိုတဲ့
mental model ပဲဖြစ်တယ်။
စီးပွားရေးလုပ်တာ၊ တိုးတက်ရေး၊
ဘဝရဲ့ ဖြတ်သန်းမှု အရာရာဟာ
ဘယ်ဟာအလုပ်ဖြစ်တယ်၊
ဘယ်အရာအလုပ်မဖြစ်ဘူးဆိုတဲ့
စမ်းသပ်မှုတွေပဲ ဖြစ်တယ်။
အလုပ်ဖြစ်တာတွေကို ရွေးချယ်
လုပ်လို့ရအောင်၊
နောက် တစ်ခုခုလုပ်ပြီး မအောင်မြင်တဲ့အခါ
ကျဆုံးတယ်လို့ မစဥ်းစားတော့ပဲ
အလုပ်မဖြစ်တဲ့ နည်းတွေ့သွားတယ်လို့
မှတ်ယူလိုက်တယ်။
ဒါ အင်တီစင်တို့လဲ ဒီ mental model
အသုံးပြု တယ်လို့ထင်တယ်။
၆။ နံပတ်ခြောက်က လူတွေအစား
အိမ်မက်တွေနဲ့ project တွေအပေါ်
အာရုံထားတယ်။
လူအများစု တိုင်ပတ်တတ်တာ
ငါ ဒါလေးပြောလိုက်တဲ့အတွက်
သူ ဒီလို ခံစားရပြီး ငါ့ကို ဒီလို
ပြန်တုံ့ပြန်တာလား မသိဘူးဆိုတဲ့
ခန့်မှန်းခံစား နေတာမျိုးတွေများတယ်။
ကျွန်တော်ကတော့ လူတွေအကြောင်း
စဥျးစားခံစားနတောအစား
ကိုယ်အကောင်အထည်ဖော်နေတဲ့
အိမ်မက်နဲ့ အလုပ်တွေအပေါ်
အာရုံစိုက်ထားတယ်။
၇။ နံပတ် ၇ ကတော့ လိုချင်တာရဖို့
လမ်းကြောင်းအကုန်စဥ်းစားပြီး
အလုပ်ဖြစ်တာ ရွေးချယ်တာပဲ။
အရေးကြီးတာ လိုချင်တာရဖို့ပဲ။
သူများတွေ မထိခိုက်ရင်ပြီးတာပဲ။
ဒီလို လုပ်ဖို့ မျက်စိဖွင့်၊ နားစွင့်ထားဖို့လိုတယ်။
Ideology တွေ၊ အတွေးအခေါ်
အဟောင်းတွေနဲ့ လာကန့်သတ်တာ မခံဘူး။
တိန်ရှောင်ဖိန့်ပြောသလို
ကြောင်ဖြူတာ မဲတာထက်
ကြွက်မိဖို့က အဓိကပဲဆိုတာ
မမှားဘူး။
၈။ နံပတ် ၈ က အလုပ်ကို ပိုးစိုးပက်စက်လုပ်။
ဒူပဒေါပခေံ။
ဘာကြောင့်လဲဆိုတော့ ကိုယ်အလုပ်ကို
ပိုးစိုးပက်စက်လုပ်ခဲ့တဲ့အတွက်
နောင်တရတယ်ဆိုတာ အခုထိမရှိသေးဘူး။
မြန်မာပြန်မှာလဲ အလုပ်လုပ်ပြီး
သေသွားတာ ဂျပန်မှာလိုလဲ မရှိသေးဘူးလို့ထင်တယ်။
ဒါကြောင့် အလုပ်လုပ်လွန်းလို့
သေသွားမှာ ကြောက်ရတဲ့အဆင့်မဟုတ်ဘူးလို့
ထင်တယ်။
တတိယနိုင်ငံဖြစ်တဲ့အတွက်
လောကဓံလှိုင်းလုံးတွေက တစ်ခုပြီးတစ်ခုလာမှာပဲ။
စိတ်ပျက်အားငယ်၊ ဘေးထိုင်ဘုပြော
နေလို့ ပြီးသွားမှာ မဟုတ်ဘူး။
ဒီတော့ ဒူပေဒါပေခံဖို့လိုတယ်။
၉။ နံပတ် ၉ ကတော့ ကိုယ့်ကိုကိုယ်
$ ပြစ်မတင်နဲ့။
ကိုယ့်ကိုကိုယ် အပြစ်တင်တာ
ကောင်းတဲ့ အလုပ်မဟုတ်ဘူး။
လူတိုင်း အမှားတွေ လုပ်ကြတဲ့အတွက်
ကိုယ့်ကိုကိုယ် blame မလုပ်ပါနဲ့။
ဘယ်သူမှ perfect မဖြစ်ဘူး။
perfect ဖြစ်ချင်ယောင်တာ
ဆောင်ရင် ဆောင်မယ်။
၁၀။ နံပတ် ၁၀ ကိုယ့်ရဲ့မပြီးသေးတဲ့
ပန်းချီကားနဲ့ သူများရဲ့ပြီးတဲ့
ပန်းချီကား သွားနှိုင်းမယှဥ်နဲ့။
၁၁။ နံပတ် ၁၁ အစော်ကားမခံနဲ့။
စိတ်မှတ်ရှိပါ။
အဘမြေးအောက်မှာ အားပေးလိုက်ကြကတည်းက
ငါတို့တွေ စိတ်မှတ်မရှိကြဘူးလို့
ကောက်ချက် ချခဲ့ဖူးတယ်။
ဒါတွေက တစ်ဖက်လူကို ပေးတဲ့ message ပဲ။
ကိုယ့်ကိုလာစော်ကားတာ
အမြဲခွင့်လွတ်နေရင် ရေရှည်အဆင်မပြေတာ
ခု ဖြစ်နေတဲ့ အဖြစ်အပျက်တွေကြည့်ရင်
အားလုံးသိနိုင်ပါတယ်။
၁၂။ နံပတ် ၁၂ နေ့စဥ်ရဲ့ စွမ်းပကားကို
အသုံးပြုပါ။
လုပ်စရာအကြီးကြီးတစ်ခုဆို
စဥ်းစားပြီး ကြောက်မသွားနဲ့။
ဒါကို ၃၆၅ ရက်နဲ့ ခွဲချလိုက်ပါ။
တစ်ရက်ချင်းစီလုပ်သွားရင်
ဘယ်လောက်ကြီးတဲ့ အလုပ်ဖြစ်ဖြစ်
သေးသေး လေးဖြစ်သွားတယ်။
ဒီနေ့လုပ်လိုက်တဲ့အလုပ်က
မနက်ဖြန်အချိန်ကို ခြွေတာပေးရမယ်။
ဒါကြောင့် နေ့စဥ်စွမ်းပကားကို
အသုံးပြုဖို့ကတော့ ကျွန်တော့်ရဲ့
နံပတ် ၁၂ mental model ပဲဖြစ်တယ်။
ကိုယ့်ရဲ့ mental model ကို
ကိုယ်တိုင် သိပြီလား။
မသိရင် ဘဝရဲ့ တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းတဲ့ ဝဲကယက်ထဲက
ထွက်နိုင်ဖို့ မလွယ်ဘူး။
Phyo Paing @ Derek