လုပ်ငန်းတစ်ခုအတွက်
အရေးအကြီးဆုံးအပိုင်းက
Culture တည်ဆောက်တာပဲ။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ဖို့ဆိုတာ
ကိုယ်မရှိတဲ့အချိန် လူတွေ
စနစ်နဲ့ နည်းပညာကိုအသုံးပြုပြီး
ဘယ်လိုပုံစံ အလုပ်လုပ်ကြလဲ
အရေးကြီးလာတယ်။
ဒီအလုပ်လုပ်တဲ့ပုံစံကလဲ
စျေးကွက်အပြောင်းအလဲကို
အမြန်တုန့်ပြန်နိုင်ဖို့လိုတယ်။
ဒီ Culture တည်ဆောက်ဖို့
အချိန်အများကြီးပေးရတယ်။
စိတ်ထား၊ လူ၊ စနစ်၊
မဟာဗျူဟာ၊ ဦးဆောင်မှုပုံစံ
Culture တည်ဆောက်ရေးမှာ
အကုန်အရေးပါတယ်။
ဒါကြောင့်နှစ်ပေါင်းများစွာ
စိတ်ရှည်ရှည်တည်ဆောက်ဖို့လိုတယ်။
Phyo Paing @ Derek