Marketing လို့ပြောလိုက်ရင်
၂၀၁၆ လောက်ထိ အထင်သိပ်မကြီးကြဘူး။
အဆင့်မြင့်ပညာလို့ လူအများစု
မယူဆခဲ့ကြဘူး။
မားကတ်တင်းဆင်းတယ်ဆိုရင်ကိုပဲ
အဆင့်နိမ့်တဲ့အလုပ်လို့ ထင်ခဲ့ကြတယ်။
ဒါကြီးကို အပြောင်းအလဲလုပ်ချင်တဲ့အတွက်
2016 မှာ Marketing 101 ဆိုတဲ့
သင်တန်းနဲ့ လူပေါင်းများစွာကို
သင်တန်းပေးခဲ့တယ်။
နောက်လုပ်ငန်းရှင်တွေအတွက်
Guerrilla Marketing သင်တန်းကို
စတင်မိတ်ဆက်ပေးခဲ့တယ်။
Marketing ဆိုတာ ကုန်ပစ္စည်း၊
ဝန်ဆောင်မှု ကြော်ငြာတာထက်
အများကြီးပိုတယ်။
Psychology, Philosophy,
Influence, Interaction (human),
Technology နဲ့ Tactics တွေပါတယ်။
အပြောင်းအလဲလုပ်ချင်တိုင်းမှာ
Marketing လုပ်ရတယ်။
လူတွေ ဆိုင်ကယ်ဦးထုပ်ဆောင်းအောင်
Marketing လုပ်ရတယ်။
လူတွေ သားဆက်ခြားအောင်
Marketing လုပ်ရတယ်။
လူတွေ ကြက်ခြေနီမှာ သွေးလာလှူအောင်
Marketing လုပ်ရတယ်။
လူတွေ ကိုယ့် ကုန်ပစ္စည်းကို သုံးအောင်
Marketing လုပ်ရတယ်။
Japan မှာ Facebook အသုံးပြုအောင်
လုပ်တုန်းက Invite ဆိုတဲ့
စာသားကြောင့် Japan မှာ
လူအများစုက ကိုယ့်သူငယ်ချင်းတွေကို
invite မလုပ်ကြဘူး။
ဘာကြောင့်လဲဆိုတော့
ကိုယ်အရမ်းမသေချာသေးတဲ့
Platform တစ်ခုကို မဖိတ်ချင်ကြဘူး။
ဒီတော့ announcement ဆိုပြီး
စကားလုံးတစ်လုံးပြောင်းလိုက်တယ်။
ဝက်ဝက်ကွဲအောင်မြင်သွားတယ်။
အဲ့လိုပဲ Marketing ဆိုတာ
culture နဲ့လဲဆိုင်တယ်။
တရုတ်မှာ Coca Cola ကို
တိုက်ရိုက်ဘာသာပြန်ပြီး
အဓိပ္ပာယ်လွဲထွက်ခဲ့ဖူးတယ်။
ဒါကို 可口可乐 သောက်လို့လဲကောင်း
ပျော်စရာလဲကောင်း
အဓိပ္ပာယ်ပြောင်းလိုက်တယ်။
Marketing ဆိုတာ အဆင့်မြင့်
ပညာရပ်တစ်ခုလို့ ကျွန်တော်ခံယူထားတယ်။
အနုပညာဆန်သလို၊
သိပ္ပံနည်းလဲတစ်ဝက်လောက်ဆန်တယ်။
ကျွန်တော်ကတော့ ကိုယ်လုပ်တဲ့အလုပ်
ဆရာအကျဆုံးဖြစ်အောင်လုပ်ဖို့က
ငယ်ငယ်ကတည်းက ထားတဲ့ခံယူချက်ပဲ။
ကိုယ့် profession ကိုချစ်ဖို့လိုတယ်။
Pro စစ်စစ်ဖြစ်ဖို့ အိမ်စာလုပ်ဖို့လိုတယ်။
Phyo Paing @ Derek