ကိုယ်ထင်ထားတာထက် ပိုကောင်းတဲ့ အရာ ရလာရင်
ဖျက်ချင်လာတယ်။
ဒါ ကံဆိုးတာ မဟုတ်ဘူး။
ဒါ ကိုယ့်ဦးနှောက်က လုပ်နေတာ။
Self-sabotage အကြောင်းပြောပြမယ်။
ပိုက်ဆံ ပိုရလာတယ်။
စုဖို့ အကြောင်းပြချက် ရှိတယ်။
ဒါပေမယ့် ရလာတာနဲ့ အကုန်သုံးလိုက်တယ်။
ဖြုန်းလိုက်တယ်။ မလိုအပ်တာ ဝယ်လိုက်တယ်။
ပြီးတော့ “ငါ ငွေ စု မရဘူး” လို့ ပြောတယ်။
Relationship ကောင်းနေတယ်။
ချစ်တဲ့သူက ကိုယ့်ကို ကောင်းကောင်း ဆက်ဆံတယ်။
ဒါပေမယ့် ရုတ်တရက် ရန်စမိတယ်။
အကြောင်းမဲ့ သံသယ ဝင်မိတယ်။
ပြီးတော့ ပျက်သွားရင် “ငါ နဲ့ လူက မကိုက်တာပဲ” လို့ ပြောတယ်။
Business ကောင်းလာတယ်။
ဖောက်သည် တိုးလာတယ်။ ဝင်ငွေ တက်လာတယ်။
ဒါပေမယ့် ရုတ်တရက် ဆိုးတဲ့ ဆုံးဖြတ်ချက် ချမိတယ်။
ပြီးတော့ “လုပ်ငန်းက မလွယ်ဘူး” လို့ ပြောတယ်။
Pattern ကို မြင်လား။
ကောင်းလာတိုင်း ဖျက်တယ်။
ရလာတိုင်း ပြန်ကျတယ်။
ပျော်လာတိုင်း ပြဿနာ ဖန်တီးတယ်။
ဒါ ကံ မဟုတ်ဘူး။
ကိုယ့်ဦးနှောက်ထဲမှာ thermostat ရှိတယ်။
“ငါနဲ့ ထိုက်တန်တဲ့ level ဒီလောက်ပဲ” ဆိုပြီး set ထားတာ ရှိတယ်။
ဒီ level ထက် ကျော်သွားတိုင်း — ဦးနှောက်က alarm ပေးတယ်။
“ဒါ နင့်ဟာ မဟုတ်ဘူး” လို့ ပြောတယ်။
ပြီးရင် ပြန်ဆွဲချတယ်။ “ပုံမှန်” ဆီ ပြန်ရောက်အောင်။
ဒီ thermostat ကို ဘယ်သူ set ခဲ့သလဲ။
ကိုယ် မဟုတ်ဘူး။
ကလေးဘဝက ကြားခဲ့တဲ့ စကားတွေ set ခဲ့တာ။
“ငွေဆိုတာ ကိုယ့်လိုလူတွေ အတွက် မဟုတ်ဘူး”
“ဒီလောက်ဆို ကျေနပ်ပါ”
“ပိုတောင်းရင် ပိုဆုံးရမယ်”
“ကိုယ့်လို လူဆို ဒီလောက်ပဲ”
တစ်ခါမှ မကြားဖူးလည်း —
ပတ်ဝန်းကျင်က ပြခဲ့တာနဲ့ ကိုယ်တိုင် ယုံသွားတာ အတူတူပဲ။
ဒါကို Freud က internalized belief လို့ ခေါ်တယ်။
Gay Hendricks ကတော့ Upper Limit Problem လို့ ခေါ်တယ်။
လူတိုင်းမှာ “ဒီလောက်ပဲ ပျော်သင့်တယ်” ဆိုတဲ့ မျဉ်း ရှိတယ်။
ဒီမျဉ်းကို ထိတိုင်း — ကိုယ့်ကိုကိုယ် ဖျက်ပြီး ပြန်ကျတယ်။
ငွေ ၅၀ သိန်း ရလာတယ်။ ဒါပေမယ့် ကိုယ့် thermostat က ၁၀ သိန်း။
ဦးနှောက်က ၄၀ သိန်း ပိုနေတယ်ဆိုပြီး ဖြုန်းခိုင်းတယ်။
ဖြုန်းပြီးရင် ၁၀ သိန်း ပြန်ရောက်တယ်။ “ပုံမှန်” ပြန်ဖြစ်တယ်။
ဦးနှောက်က စိတ်အေးသွားတယ်။
ချစ်သူက ကိုယ့်ကို ကောင်းကောင်း ချစ်တယ်။
ဒါပေမယ့် ကိုယ့် thermostat က “ငါ့ကို ဒီလောက် ချစ်ခံဖို့ မထိုက်တန်ဘူး”။
ဦးနှောက်က ရန်စခိုင်းတယ်။ ပျက်သွားရင် “ပုံမှန်” ပြန်ဖြစ်တယ်။
နာကျင်တယ်။ ဒါပေမယ့် ရင်းနှီးတဲ့ နာကျင်မှု။
ဒါဆို ဘယ်လို ရပ်မလဲ။
ပထမ — ဖျက်နေတာကို သတိထားပါ။
ကောင်းလာပြီးနောက် ကိုယ် ဘာလုပ်သလဲ ကြည့်ပါ။
ဖြုန်းတယ်။ ရန်စတယ်။ ဆိုးတဲ့ ဆုံးဖြတ်ချက် ချတယ်။
pattern မြင်ရင် — ပထမ ခြေလှမ်း ပြီးပြီ။
ဒုတိယ — thermostat ကို ဘယ်သူ set ခဲ့သလဲ ရှာပါ။
ဘယ်အသံကြောင့် “ငါ မထိုက်တန်ဘူး” ဖြစ်သွားသလဲ။
အဲဒီ အသံက ကိုယ့်ဟာ မဟုတ်ဘူးဆိုတာ သိလိုက်ပါ။
တတိယ — ခံစားချက်ကို ခံပါ။
ကောင်းတာ ရလာရင် — မသက်မသာ ဖြစ်မယ်။ ဒါ ပုံမှန်။
ဒါပေမယ့် ဒီတစ်ခါ ဖျက်မယ့်အစား — ခံပါ။
မသက်မသာ ခံနိုင်ရင် — thermostat တက်သွားတယ်။
Self-sabotage ဆိုတာ ရန်သူ မဟုတ်ဘူး။
ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဖန်တီးထားတာ။
ဒါပေမယ့် ကာကွယ်ရင်း — ကိုယ့်ဘဝကို ပိတ်ထားတာ။
ကိုယ် ထိုက်တန်တယ်ဆိုတာ ယုံစရာ မလိုဘူး။
ထိုက်တန်တဲ့ နေရာမှာ နေကြဖို့ ကိုယ့်ကိုကိုယ် ခွင့်ပြုဖို့ပဲ လိုတယ်။
Phyo Paing @ Derek