Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ် ဘာ ရှာနေလဲ ဆိုတာ ကိုယ့် ဘဝကို ပုံဖော်နေတယ်ဒါကြောင့် သေချာ ရွေးဖို့လိုပါတယ်။

အပြစ်တင်နေရင် အဖြေ မတွေ့ဘူး

လူတိုင်း ပြဿနာ ကြုံတယ်
ဒါပေမဲ့ ပြဿနာ ကြုံတဲ့အခါ
လူ ၂ မျိုး ရှိတယ်

ပထမ မျိုး — ဘယ်သူ့ အပြစ်လဲ ရှာတယ်
ဒုတိယ မျိုး — ဘယ်လို ဖြေရှင်းမလဲ ရှာတယ်

တူညီတဲ့ ပြဿနာ
မတူတဲ့ မေးခွန်း
မတူတဲ့ ဘဝ

ဘာလို့လဲ

ဦးနှောက်ထဲမှာ Reticular Activating System (RAS) ဆိုတာ ရှိတယ်

RAS က ဦးနှောက်ရဲ့ Filter စကာစစ်
တစ်နေ့ကို သတင်းအချက်အလက် Information သန်းနဲ့ချီ ဝင်လာတယ်
အကုန်လုံး လက်ခံလို့ မရဘူး
ဒါကြောင့် ကိုယ် Focus လုပ်တဲ့ အရာကို ဦးနှောက်က ဦးစားပေး စစ်ထုတ်ပေးတယ်

ကား အနီ ဝယ်ချင်နေရင်
လမ်းပေါ်က ကား အနီတွေ အကုန် မြင်ရတယ်
အရင်ကလည်း ရှိတယ် — ဒါပေမဲ့ ကိုယ် Focus မလုပ်ခဲ့လို့ မမြင်ခဲ့တာ။

ဒါ RAS ရဲ့ အလုပ်။

ဒီအတိုင်းပဲ

“ဘယ်သူ့ အပြစ်လဲ” လို့ မေးနေရင်
ဦးနှောက်က အပြစ်ရှင် ရှာပေးမယ်
ဒီလူ အပြစ်
ဟိုလူ အပြစ်
အခြေအနေ အပြစ်
ကံ အပြစ်

ရှာလေ တွေ့လေ
ဒါပေမဲ့ အဖြေ မတွေ့ဘူး

“ဘယ်လို ဖြေရှင်းမလဲ” လို့ မေးနေရင်
ဦးနှောက်က လမ်း ရှာပေးမယ်
ဒီနည်း ရှိတယ်
ဟိုနည်း ရှိတယ်
ဒီလူ ကူညီနိုင်တယ်
ဒီ Resource သုံးလို့ ရတယ်

တူညီတဲ့ ဦးနှောက်
မတူတဲ့ မေးခွန်း
မတူတဲ့ အဖြေ

ဒါကြောင့် မေးခွန်း က အရေးကြီးတယ်။

ပြဿနာ ကြုံတိုင်း
ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ

“ဘယ်သူ့ အပြစ်လဲ” လို့ မေးနေလား
“ဘယ်လို ဖြေရှင်းမလဲ” လို့ မေးနေလား

ပထမ မေးခွန်း က ကိုယ့်ကို သနားစရာ ဖြစ်စေတယ်။
ဒုတိယ မေးခွန်း က ကိုယ့်ကို အင်အား ဖြစ်စေတယ်။

အပြစ်တင်တာ လွယ်တယ်။
အဖြေရှာတာ ခက်တယ်။

ဒါပေမဲ့ လွယ်တာ လုပ်နေရင်
ဘဝ ခက်လာတယ်။
ခက်တာ လုပ်နေရင်
ဘဝ လွယ်လာတယ်။

ကိုယ့် RAS ကို ပြောင်းပါ။
မေးခွန်း ပြောင်းပါ။
Focus ပြောင်းပါ။

အပြစ်ရှင် ရှာနေတဲ့ ဦးနှောက်ကို
အဖြေ ရှာနေတဲ့ ဦးနှောက် အဖြစ် ပြောင်းလိုက်ပါ။

ဒါကြောင့် အပြစ်မတင်နဲ့ အဖြေရှာ။

ဒါ တစ်ညအိပ်ရင်း ပြောင်းတာ မဟုတ်ဘူး။
ဒါပေမဲ့ ပြဿနာ ကြုံတိုင်း
“ဘယ်လို ဖြေရှင်းမလဲ” လို့ မေးနေရင်
တစ်ဖြည်းဖြည်း ကိုယ့် ဦးနှောက် ပြောင်းလာမယ်။

ကိုယ် ဘာ ရှာနေလဲ ဆိုတာ ကိုယ့် ဘဝကို ပုံဖော်နေတယ်
ဒါကြောင့် သေချာ ရွေးဖို့လိုပါတယ်။

Phyo Paing @ Derek

Share Your Idea!​