ကောင်းမွန်တဲ့အရာအများစုက
“သူ့အလိိုလို” ဖြစ်လာတာ နည်းတယ်။
အလိုလိုပေါက်နေတာ မြက်ပင်များတယ်။
ပန်းကောင်းပန်းမံအတွက် ပြုစုပျိုးထောင်ဖို့လိုတယ်။
အလိုလိုနေ့စဥ် ဖြစ်နေတာ “အို” နေတာပဲ။
ကိုယ့်ကျန်းမာရေး၊
ကိုယ့်အချစ်ရေး၊
ကိုယ့်စိတ်ငြိမ်းချမ်းရေး၊
ငွေရေးကြေးရေး၊
လုပ်ငန်းစီးပွားဆောင်တာ၊
ဥာဏဖွင့်ဖြိုးရေး
ဒါတွေ တိုးတက်ဖို့
သူ့အလိုလိုဖြစ်နေတာရှားတယ်။
ကောင်းတာ မှန်သမျှက
သေချာပြုစုပျိုးထောင်ရတယ်။
ဘဝရဲ့ ငါးပုံနှစ်ပုံကို သုံးပြီးမှ
တဖြည်းဖြည်း ပိုနားလည်လာတာလေး။
Phyo Paing @ Derek