Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကောင်းမွန်တဲ့ နေ့ရက်တွေဖန်တီးဖို့ 8 E

ကျွန်တော်တို့မှာရှိတဲ့ အချိန်၊ ကာယနဲ့ ဉာဏအားတွေကို အကောင်းဆုံးအသုံးချဖို့ 8 Es နဲ့ဖော်ပြလိုက်ပါတယ်။

Productivity တိုးတက်ဖို့ Efficiency နဲ့ Effectiveness ကောင်းဖို့လိုပါတယ်။ Productivity = Effectiveness/Efficiency.

Efficiency ကတော့ Input တွေကို အကောင်းဆုံးအသုံးချတာ Resources တွေကို အကောင်းဆုံးအသုံးချတာဖြစ်ပြီး၊ Effectiveness ကတော့ Output တွေများများထွက်တာ လိုချင်တဲ့ Result ကိုရတာကိုဆိုလိုပါတယ်။

1. End Result
ဘာအလုပ်တွေကို ပြီးမြောက်ချင်တာလည်း ကိုယ်တိုင်သေချာသိရမယ်။ တနည်းအားဖြင့် နေ့တစ်နေ့စတဲ့အခါ ဒီနေ့အိပ်ရာဝင်ရင် ဘာတွေပြီးသွားရမလည်းနဲ့ စဖို့လိုပါတယ်။

2. Emotion
လူတွေကို စိတ်ညစ်စေတဲ့ 4 clouds ဖြစ်တဲ့ အဖျက်စိတ်၊ အဖျက်အတွေး၊ မိမိကိုယ်ကို ကန့်သတ်ထားတဲ့အတွေးအခေါ်နဲ့၊ တွေဝေဒွိဟ စိတ်တွေကို ဖျောက်ဖို့လိုပါတယ်။ end-result ပြီးတဲ့အခါ ခံစားရမည့် ကောင်းမွန်တဲ့ emotion တစ်ခုနဲ့ချိပ်ကြည့်ပါ။ ဥပမာ အလုပ်ပြီးသွားတဲ့အခါ ဘယ်လိုခံစားရမလည်း?

3. Elimination
Distraction တွေများလွန်းတဲ့ခေတ်မှာ ကိုယ်ဘာတွေလုပ်လိုက်လည်းကအရေးကြီးသလို ဘာတွေမလုပ်လိုက်ဘူးကလည်း တန်းတူအရေးကြီးပါတယ်။ ဘယ်အလုပ်တွေကိုတော့ ကိုယ်မလုပ်ရင်ရမလည်း? ဒါမှ မဟုတ်ဘ်ာသူ့ကို တာဝန်လွဲပြောင်း delegate လုပ်ရင်ရမလည်း? အရေးမပါတဲ့အလုပ်တွေကို eliminate လုပ် ဖယ်ရှားပါ။

4. Eating
You are what you eat ဆိုတာမှန်ပါတယ်။ ဥပမာ မနက်မှာ အဆီအဆိမ့်တွေစားတဲ့အခါတစ်နေ့တာ ရဲ့ productivity ကို အနည်းနဲ့ အများထိခိုက်စေနိုင်ပါတယ်။ အနောက်တိုင်းမှာတော့ intermittent fasting တစ်နည်း ဥပုသ်စောင့်သလို အစာစားတဲ့အခါ ၁၆ နာရီနဲ့ ၈ နာရီခြားတစ်ခါစားပြီး energy level နဲ့ well-being တိုးတက်အောင်ဆောင်ရွက်လာကြတယ်။ Diet Plan တွေအများကြီးရှိပြီး စကားပုံအရဆိုရင်တော့ မနက်ကို ဘုရင်လိုစား၊ နေ့လည်ကို မင်းသားလိုစားပြီး၊ ညကိုသူတောင်းစားလိုစားဆိုတာရှိပါတယ်။

5. Environment
အလုပ်လုပ်ဖို့ သီးသန့်စားပွဲ၊ နေရာ dedicated workplace မရှိဘဲ အလုပ်ပြီးဖို့ မလွယ်ပါဘူး။ သီးသန့်နေရာလိုပါတယ်။ အဲ့ဒီနေရာကို အလုပ်လုပ်မှ အဓိကသွားပြီး၊ နေ့စဉ်အလုပ်လုပ်ဖို့လည်းလိုအပ်ပါတယ်။

6. Energy
တခါတလေ လူတွေမှာ အချိန်တွေရှိပြီး energy မရှိတဲ့အချိန်တွေရှိပါတယ်။ ဒါ့ကြောင့် Time Management ထက် Energy ကပိုအရေးကြီးတယ်လို့ထင်ပါတယ်။ Energy အတွက် အသက်ရှူတဲ့ပုံစံ၊ ရေသောက်ဖို့၊ အသီးအရွက်များများစားဖို့လိုအပ်ပါတယ်။

7. Exercise
Energy ကိုတိုးတက်စေတဲ့ထဲမှာ Exercise လည်းပါပါတယ်။ ဘောလုံးကစားတဲ့သူတွေ ကွင်းထဲဝင်မကန်ခင် သွေးပူလေ့ကျင့်ခန်း prematch warming up exercise လုပ်သလိုဘဲ တစ်ရက်တာစတင်ဖို့ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့် exercise လုပ်ဖို့လိုပါတယ်။

8. Experiment
လူတွေဟာတစ်ယောက်နဲ့တစ်ယောက် design လုပ်ထားပုံမတူပါဘူး။ ဒါ့ကြောင့် တခြားသူအတွက် အလုပ်ဖြစ်တဲ့နည်းဟာ ကိုယ့်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်မယ်။ ဒါေ့ကြာင့် နည်းလမ်းဆိုတာ အများကြီးဖြစ်လာတာဖြစ်တယ်။ ပန်းတိုင်ရောက်ဖို့အတွက် နည်းလမ်းအများကြီးရှိသလို ကြိုက်တဲ့နည်းလမ်းကိုလည်းအသုံးပြုနိုင်တယ်။ ဒါ့ကြောင့် ကိုယ်နဲ့အဆင်ပြေဆုံးနည်းလမ်းတွေ့ဖို့ စမ်းသပ်မှုတွေပြုလုပ်ဖို့လိုပါတယ်။ တချို့နည်းလမ်းတွေဟာ အရင်ကအသုံးချလို့ အဆင်ပြေပေမယ့် လက်ရှိအဆင်မပြေတော့ရင် နောက်နည်းလမ်းတစ်ခုနဲ့ ပြောင်းလည်းအသုံးချနိုင်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​