ခန္ဓာကိုယ်ရဲ့ ခေါင်းအစ
ခြေအဆုံး နေရာတိုင်းမှာ
နေ့စဥ်ဘဝဖြတ်သန်းမှုကပေးတဲ့
ဒဏ်တွေ ရှိတယ်။
ဒါကို မာဆယ် မှတ်ဥာဏ်အနေနဲ့မှတ်ထားတယ်။
ဒီဒဏ်တွေက စိတ်ပိုင်းဆိုင်ရာ၊
ရုပ်ပိုင်ဆိုင်ရာကြောင့်ဖြစ်တဲ့ဒဏ်တွေဖြစ်တယ်။
ပုံမှန် အညောင်းပြေ၊ အညာပြေ နှိပ်ရုံနဲ့မရဘူး။
စိတ်နဲ့ ကိုယ်ရဲ့ ဒဏ်ကို
ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ
စုထားတဲ့ အမှိုက်တွေကို
လိုက်ရှင်းဖို့ ဒါလေးလုပ်ကြည့်။
မျက်စိမှိတ်ပြီး ခန္ဓာကိုယ်ကို
ဦးခေါင်းထိပ်ကစပြီး နှဖူး၊
မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ လျှာ၊
ပါးပြင်၊ လည်ပင်း၊ ပုခုံးနှစ်ဖက်၊
ရင်ဘတ်၊ နှလုံး၊ အဆုပ်၊ အစာအိမ်၊
ကျောက်ကပ်၊ အူလမ်းကျောင်းတစ်လျှောက်၊
တင်ပါး၊ ဆီးခုံ၊ ပေါင်နှစ်ဖက်၊
ဒူး၊ ခြေထောက်နှစ်ဖက်စလုံးကနေ
ခြေဖဝါးနဲ့ ခြေချောင်းမှာ ရှိတဲ့
အကြောတွေ အကုန်လျော့လိုက်။
နောက်ပြီး
စကြာဝဠာထဲက အလင်းတန်းဖြူတစ်ခုက
ဦးခေါင်းထိပ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို
ဖြတ်ပြီး ခြေဖဝါးက ထွက်သွားတာကို
ပုံဖော်ကြည့်။
ဖြတ်သွားတိုင်းမှာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့
အမှိုက်တွေကို ရေဆေးထုတ်သွားသလို
ယူသွားတယ်လို့ မြင်ယောက်ကြည့်။
တချို့ အစိတ်အပိုင်းတွေမှာ
သာမန်ထက် နည်းနည်းပိုကြာနိုင်တယ်။
စိတ်ကိုဖြေးဖြေးချင်းလျော့ပြီး
ဦးခေါင်းထိပ်က ခြေဖဝါးထိလုပ်ကြည့်။
သုံးလေးကြိမ်လောက်ပြီးသွားတဲ့အခါ
အဖြူရောင်အလင်းတန်းက
ခန္ဓာကိုယ်ကို တိုက်ရိုက်ရှင်းသွားပြီး
ခန္ဓာကိုယ်အရမ်းပေါ့ပါးလာလိမ့်မယ်။
ပြီးသွားတဲ့အခါ ဖြစ်ချင်တဲ့ဆန္ဒတွေ
အရာရာကို ထိန်းချုပ်ချင်တဲ့ဆန္ဒတွေကို
စွန့်လွတ်ပြီး
စကြာဝဠာကို လက်နက်ချလိုက်ကြည့်။
Surrender လုပ်ကြည့်ကြည့်။
ခန္ဓာကိုယ်မှာ အတ္တ၊ မာန်မာနတွေကင်းပြီး
စကြာဝဠာနဲ့ တစ်သားတည်းဖြစ်နေလိမ့်မယ်။
တချို့က လေတက်တာ၊
မျက်ရည်ကျတာ၊
ဝမ်းနည်းတာ၊
ငိုချင်တာ၊ အော်ချင်တာ၊
ရယ်ချင်တာတွေ ဖြစ်လိမ့်မယ်။
ချုပ်တည်းမထားနဲ့။
လွတ်ထားလိုက်။
ခန္ဓာကိုယ်ကြီးရဲ့ စိတ်နဲ့ ကိုယ်ရဲ့
ဒဏ်တွေ တုန့်ပြန် response လုပ်လိမ့်မယ်။
ပြီးရင် ငြိမ်သွားလိမ့်မယ်။
ဖြစ်ချင်တာတွေကို မေ့လိုက်။
ဒီပုံစံနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ ဒဏ်တွေကို
reset ချကြည့်။
ဒါကတော့ ကျွန်တော်ကျင့်သုံးဖြစ်တဲ့
နည်းထဲက ကိုယ့်ကိုယ်ကိုယ် healing လုပ်
စိတ်နဲ့ ကိုယ်ရဲ့ ဒဏ်တွေကို
ကုသတဲ့ နည်းတစ်ခုဖြစ်ပါတယ်။
ပြီးသွားရင် ခန္ဓာကိုယ်ပေါ့ပါးပြီး
လေးနေတဲ့ဖုန်းကြီးကို
အမှိုက်တွေရှင်း၊ reset လုပ်
ရှင်းလိုက်သလို ပေါ့ပါး၊ မြန်ဆန်၊
တက်ကြွ၊ ငြိမ်းချမ်း လာလိမ့်မယ်။
Phyo Paing @ Derek