၁။ သင်ယူခြင်း Learning
၂။ စဥ်းစားခြင်း Thinking
၃။ စမ်းသပ်ခြင်း Experimenting
၄။ မျှဝေခြင်း Sharing
ဒီလေးခုစလုံးကနေ ဝင်ငွေပြန်ရှာမလဲစဥ်းစားတယ်။
ဒါကိုတော့ Monetize your moments လို့ခေါ်လိုက်တယ်။
မနက်စာဖတ်တယ်။
ဒါကို video ရိုက် Toe Tet Insidernote လုပ်
Subscription ပြောင်းတယ်။
ဒါပြီးစဥ်းစားခြင်းလုပ်ဆောင်ဖို့
နေ့စဥ် Coaching လုပ်ပြီး
Client ကို Thinking Partner လုပ်ပေးတယ်။
ဒါပြီးရင် ကိုယ်စမ်းသပ်ချင်တဲ့
နည်းပညာနဲ့ ပတ်သက်တဲ့အပိုင်း
Biohacking အပိုင်းတွေ စမ်းသပ်တယ်။
ဒီကမှ Akyanpay .com တို့၊
Dream Lab တို့၊ Insidernote App တို့
ထွက်လာတယ်။
နောက် business model အသစ်နဲ့
creative investing လုပ်တဲ့စနစ်တွေ
စမ်းကြည့်တယ်။
နောက်ပြီး ညပိုင်းကို စာသင်တယ်။
တချို့အိုင်ဒီယာရတဲ့အချိန်တွေမှာ
စာရေးတယ်။
နေ့တိုင်းက အလုပ်လုပ်နေတာမဟုတ်ဘူး။
ဂိမ်းဆော့နေသလိုပဲ။
ဒီလိုဖြစ်ဖို့ ဘဝကို သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။
ဒါကို Lifestyle design လို့ခေါ်တယ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
Phyo Paing @ Derek