Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော့်အတွက်
Motivation လို့ခေါ်တဲ့
စိတ်ခွန်အားမလိုဘူး။

Inspiration လို့ခေါ်တဲ့
စိတ်လှုပ်နှိုးမှုလိုတယ်။

စိတ်လှုပ်နှိုးမှုက
စိတ်ဝင်စားစရာ အိုင်ဒီယာသစ်၊
နေရာသစ်၊ လူသစ်၊ နည်းပညာသစ်၊
ဖြစ်နိုင်ခြေအသစ်တွေနဲ့
ဓာတ်ပြုရင်ဖြစ်တယ်။

John C. Maxwell ကတော့
စိတ်လှုပ်နှိုးမှုရှိမှ အလုပ်လုပ်တာကို
Inspiration Trap တဲ့။

ဒါကိုကျော်လွှားဖို့
ဥပဒေသတစ်ခုလုပ်ထားတယ်။
Rituals are the Right Way, Flow Finds Its Way.
နေ့စဥ်ထုံးတမ်းစဥ်လာ လုပ်စရာရှိတာလုပ်။
စျာန်ဝင်ပြီး အလုပ်ပြီးမှာ တကယ်အဟုတ်။
အယ်လဲ့။

အဲ့လိုနေ့စဥ်လုပ်စရာတွေလုပ်တယ်။
အသစ်ဖြစ်နိုင်ခြေတွေအတွက်
စိတ်လှုပ်နှိုးမှုရှာတယ်။

ဒီစိတ်လှုပ်နှိုးမှုက ကိုယ့်စိတ်ကိုယ်ကို
လေ့လာရာကလဲဖြစ်တယ်။
ကိုယ့်အတွေးတွေ ဖြစ်လိုက်၊ ပျက်လိုက်။
လာလိုက်၊ ပျောက်သွားလိုက်။
ဒါကို အကောင်းအဆုံး မဝေဖန်
judge မလုပ်ပဲ သေချာရှုနိုင်ရင်လဲ
စိတ်လှုပ်နှိုးမှုအသစ်တွေဖြစ်နိုင်တယ်။

ဘဝက တိုမလိုနဲ့ရှည်ပြီး
ရှည်မလိုနဲ့ တိုတယ်။
အရေးကြီးတာ
အသက်ရှင်တုန်း
အသက်ဝင်နေဖို့လိုတယ်။

စိတ်လှုပ်နှိုးမှု mentally stimulated
ဖြစ်နေဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​