Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော်စဉ်းစားတာကတော့ ရှင်းတယ်။

ကိုယ့် skill ကိုယ်ဖြည့်ထားမယ်။
ဒီ skill က ဘယ်နိုင်ငံရောက်ရောက်
မတိမ်ကောတဲ့ ကျွမ်းကျင်မှုဖြစ်ရမယ်။
ကိုယ့်နယ်ပယ်မှာ မဖတ်ဖူးတဲ့
စာအုပ်မရှိလောက်အောင်ဖတ်မယ်။
တရုတ်နဲ့ အင်္ဂလိပ်လိုတတ်ရင်
English-speaking ဖြစ်ဖြစ်၊
Chinese-speaking country ဖြစ်ဖြစ်
သွားလို့ရတယ်။
အင်္ဂလိပ်လိုပြောတာ 1.5 Billion နဲ့
တရုတ်မန်ဒရင်းလိုက 1.1 Billion ရှိတယ်။

ကိုယ်မွေးတဲ့ နိုင်ငံကတော့
ကိုယ့် playground ပဲ။
ဒါပေမယ့် ဒီ playground အဆင်မပြေရင်
ဆိုတဲ့ backup plan ကတော့
အမြဲစဉ်းစားထားတယ်။
Second citizenship လဲ ဘယ်လိုဖြစ်ဖြစ်
တစ်နေ့ဝယ်ရမှာပဲ။

ဒီမှာ သေရင်ဘယ်လိုသေရလဲဆိုတာ
ဆေးရုံမှာ နှစ်ပေါင်းများစွာလဲ
မြင်ခဲ့ပြီးပြီ။

ဒါကြောင့် အလုပ်ကို လုပ်လို့ရတုန်း
ပိုးစိုးပက်စက်လုပ်ပါ အားတီတို့။

အလုပ်မလုပ်နဲ့ဆိုတဲ့ ဂျင်းစကားတွေ
နားသွားမယောင်လိုက်နဲ့။
ကိုယ်က မွဲတဲ့နိုင်ငံမှာနေနေတာလဲ
နှလုံးသွင်းပြီး skill ကို နေ့တိုင်းဖြည့်နေရမှာ။
အဿပြာတစ်ခုတည်းအတွက်
အလုပ်မလုပ်လိုက်နဲ့။
စမှုန်တုန်းသွားလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​