ငယ်ငယ်က တရုတ်နှစ်သစ်ကူးဆို ပိုက်ဆံရှာတဲ့အချိန်ပဲ။
သုံးတန်းပြီးကတည်းက အိမ်ကအဖေမရှိတော့တဲ့အခါ
ဘဝရဲ့ အချိန်အများစုဟာ စျေးထဲမှာ ကုန်တယ်။
ဒီတော့ ရောင်းချခြင်းအတတ်ပညာဆိုတာ
လေးတန်းကတည်းက
စျေးထဲမှာ ကျင်လည်ကျက်စားလာတဲ့
လူလေးတစ်ယောက်အတွက်
ထမင်းစားရေသောက်ပဲ။
ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့သူရောင်းခိုင်း
ပြဿနာတစ်ခု မဟုတ်ခဲ့ဘူး။
အရောင်းတတ်တော့ငွေရှာတတ်တယ်။
တရုတ်နှစ်သစ်ကူးရတဲ့ငွေနဲ့
ချိုချဉ်ကံစမ်းမဲ ကဒ်တွေရောင်းတယ်။
မြန်မာကျောင်းမှာ ကျောင်းသားတွေ
ကြိုက်သလောက်ဝယ်လို့ရတဲ့
Textbook တွေဝယ်ပြီး စျေးထဲမှာ ပြန်သွင်းတယ်။
ဘဝက ပျော်စရာတော်တော်ကောင်းတယ်။
ဆောင်းဦးလှိုင်တို့ 19:18 (ဆယ့်ကိုးနာရီ ဆယ့်ရှစ်မိနစ်တို့)
မာရဇ္ဇရဲ့နန်းတော်ရှေ့က သီချင်းတွေခေတ်စားတဲ့အချိန်ပေါ့။
ပိုက်ဆံတွေစု ကတ်ဆက်တွေဝယ် ထွန်းအိန္ဒြာဗိုလ်ရဲ့
နှစ်ယောက်မရှိဘူးတွေ၊ Acid ရဲ့စတင်ခြင်း၊ Too Big တို့
NZ တို့Zero တို့သီချင်းတွေ၊ ရသရဲ့သီချင်းတွေ
ပြန်ရောင်းတဲ့အချိန်ပေါ့။
တချိန်တည်းမှာ တရုတ်ပြည်ကစကိတ်တွေမှာ ပြန်ရောင်းတဲ့အချိန်။
ရှစ်တန်းပြီး ကျောင်းမတတ်ချင်တော့ဘူးလုပ်တော့ အိမ်က
မန္တလေးမှာ အဆိုးဆုံး အဆောင်ကြီးထဲပို့လိုက်တယ်။
နောက်ဘယ်လိုနေပြီး ဆေးကျောင်းရောက်သွားလဲမသိဘူး။
ကိုးတန်းဆရာက စီးပွားရေးလုပ်ရင် MBA တက်ဆိုလို့
ကျောင်းပြီးရင် MBA တက်မယ်စဉ်းစားတာ
ဘွဲ့လွန်ဖြစ်နေတော့ မထူးပါဘူးလေဆိုပြီး
ဆေးကျောင်းတက်ရင်း
ဂိုက်သင်၊ တရုတ်ပြည်ကို ပန်းတွေပို့၊ တရုတ်ကအလှမွေးငါးတွေပြန်သွင်းတာကို
သူငယ်ချင်းတစ်ယောက်နဲ့လုပ်တယ်။
ကျောင်းတက်နေရင်း CAT Accounting တက်တယ်။
ပြဿနာက ကျောင်းပြီးမှ စတယ်။
ရှိတဲ့ငွေအကုန်ရင်းပြီး Mebook ဆိုတဲ့ Linux Tablet တွေ
တရုတ်ပြည်ကတင်သွင်းတယ်။ ဆိုင်တွေမှာလိုက်ရောင်းတယ်။
အရင်းရှုံးတယ်။ ဒီမှာ စီးပွါးရေးပညာရဲ့အရေးကြီးပုံကိုသိသွားတယ်။
နောက် Business Management Graduate Diploma နဲ့ MBA လေ့လာတယ်။
နောက် Sales နဲ့ Marketing ကို နိုင်ငံတကာထိပ်တန်း
company တစ်ခုမှာ လုပ်နိုင်ဖို့တော်တော်ကြိုးစားခဲ့တယ်။
MNC တစ်ခုမှာ လုပ်တာတွေသိတော့ Street life ထဲမှာ Hustle လုပ်မယ်ဆိုပြီးပြန်လာတယ်။
Telecom တွေဝင်လာတော့မယ်ဆိုတော့
ဖုန်းဆိုင်ဖွင့်တယ်။
အကြံလာတောင်းကြရင်းနဲ့ အကြံပေးဖြစ်တယ်။
MBA ကျောင်းသားတွေကို စာပြန်သင်ပေးရင်းနဲ့သင်တန်းဆရာဖြစ်လာတယ်။ နောက်ပိုင်း YEC Company ကနေ ToeTet, Dream Lab, Akyanpay, Sapwar, Mindmax, Nyan Htet, Thukha အစရှိတဲ့ digital product တွေထုတ်တယ်။
ပြောချင်တာ ….
အခု လုပ်နေတဲ့အလုပ်တိုင်းဟာ လမ်းဆုံးမဟုတ်ပါဘူး။
အလုပ်တိုင်းဟာ ကိုယ့်ရဲ ့အဓိက ရည်မှန်းချက်ရောက်ဖို့
Stepping stone ပါ။
လူတစ်ယောက်ရဲ့အစွမ်းအစကို တားဆီးထားတာ
ကိုယ်တိုင်ရဲ့အတွေးအခေါ်ပဲ။
ခရီးတစ်ထောက်နားတဲ့နေရာမှာ လမ်းဆုံးလို့မထင်ဖို့
အရေးကြီးတယ်။
အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲ
အချိန်တန်လို့မှာ အိမ်ငှားခမပေးနိုင်ရင် ဆင်းရလိမ့်မယ်။
ဒီတော့ ကျွန်တော်တို့ရဲ့ Vision က Memory ထက်
ပို Strong ဖြစ်ရမယ်။
Phyo Paing @ Derek