Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

ဒါကသိပ်လက်မခံချင်လဲ သေချာနှလုံးသွင်းနိုင်ရင်
ဘဝကိုနေပျော်စေနိုင်တဲ့ အယူအဆတစ်ခုပဲ။

NLP မှာတော့
Every behaviour has a positive intention
လို့ဆိုတယ်။

အချိန်ဆွဲ Procrastination တဲ့ရည်ရွယ်ချက်က
ရှုံးနိမ့်မှာကြောက်တဲ့စိတ်၊
တခြားသူတွေထားတဲ့မျှော်မှန်းချက်အတိုင်း
မလုပ်နိုင်မှာစိုးတဲ့အတွက်
စိတ်ဖိစီးမှုများပြီး အချိန်ဆွဲတာဖြစ်ကောင်းဖြစ်မယ်။

အစားအစာအများကြီးစားဖြစ်တဲ့ overeating က
စိတ်ဖိဆီးမှုများတာတွေကို ဖြေဖျောက်ဖို့ကြိုးစားတာ
ဖြစ်ကောင်းဖြစ်မယ်။

လူတွေကို အားနာတတ်တာဟာ
သူ့ကိုသဘောကျစေလိုတဲ့စိတ်ကြောင့်
ဖြစ်ကောင်းဖြစ်နိုင်တယ်။

ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

အပြောကြမ်းတာဟာ ကိုယ့်ကို
မနိုင်စားအောင် ကာကွယ်တာဖြစ်ကောင်းဖြစ်မယ်။

ကိုယ့်ရဲ့မကောင်းတဲ့အပြုအမူတွေရှိရင်
ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်ပါနဲ့။
အရင်းအမြစ်ကို သေချာစဥ်းစားကြည့်ပြီး
ဖြေရှင်းကြည့်ပါ။

တခြားသူတွေကို စာနာပေးသလို
ကိုယ့်ကိုကိုယ် စာနာပေးကြည့်ပါ။

Phyo Paing @ Derek

Share Your Idea!​