ကျေးဇူးအရမ်းတင်ရတဲ့ ဆရာကြီးရှိတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း 139 နှစ်
5 Nov 1883
ပဲခူးတိုင် သုံးဆယ်မြို့မှာ
လူတစ်ယောက် မွေးဖွားလာတယ်။
အဲ့ဒီ စာရေးဆရာ အရေးအသားတွေက
ကျွန်တော့် ငယ်ဘဝကို လွမ်းမိုးခဲ့တယ်။
လောကအမြင်ကို ပြောင်းပေးခဲ့တယ်။
အဲ့လိုပဲ တခြားသူတွေကို
ပြန်လည်ကူညီပေးဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့
အပြည့်အဝ ခံယူထားတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်
ကျွန်တော်က အစမ်းသပ်ခံပဲ။
အစမ်းသပ်ခံ ကြွက်ကလေးလို
အစမ်းသပ်ခံ လူသားတစ်ယောက်ပဲ။
အဲ့လို ပဲ ကိုယ့်ကိုကိုယ်ခံယူတယ်။
ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
ဘယ်လိုတည်ဆောက်မလဲဆိုတာ
နည်းလမ်းမျိုးစုံနဲ့စမ်းသပ်တယ်။
ဒီစမ်းသပ်မှုနာမည်က
Best Version Project ဖြစ်တယ်။
အချိန်ကာလက အသက်
မသေမချင်းပေါ့။
စမ်းသပ်မှုကာလမှာ တွေ့ရှိချက်တွေကို
ကိုယ့်ရဲ့ Best Version ကို
တည်ဆောက်ချင်သူတွေကို မျှဝေမယ်။
ဒီလောက်ပဲ စဉ်းစားထားတယ်။
စမ်းသပ်မှု ပြုလုပ်တဲ့နယ်ပယ်က
သုံးခု အဓိကထားတယ်။
Personal, Professional, Business
တိုးတက်ရေးဆိုပါတော့။
အရာရာ ဆုပ်ယုတ်နေတဲ့ နေရာမှာ
တိုးတက်မှုဆိုတာက ဟာသလိုကြီး
ဖြစ်ကောင်းဖြစ်နေနိုင်တယ်။
ရိုက်ခတ်မှုပေါင်း များစွာထဲမှာ
စမ်းသပ်မှုကနေ တွေ့ရှိချက်တွေက
တချို့တွေကို အချိန်အများကြီး
ခြွေတာပေးနိုင်လိမ့်မယ်လို့ထင်တယ်။
လူတိုင်းမှာ သမိုင်းပေးတာဝန်
ကိုယ်စီ ရှိတတ်ကြတယ်။
တချို့တွေအတွက် ကိုယ့်နိုင်ငံ၊
ကိုယ့် လူမျိုးအတွက်၊
တချို့က ကိုယ့်သာသနာအတွက်။
တချို့က ပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊
တချို့က မိဘမဲ့ကလေးတွေအတွက်။
ကျွန်တော့်သမိုင်းပေးတာဝန်က
လူတွေရဲ့ Best Version ဖြစ်အောင်
personal, professional, business
နဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေပြုလုပ်ပြီး
အိတ်သွန်ဖာမှောက်မျှဝေပေးဖို့ပဲ။
ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။
Phyo Paing @ Derek