Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော့်မှာ သားလေးယောက်ရှိတယ်။

ပထမသားလေးက
အမြဲတမ်းဘောင်အပြင်ဘက်ကတွေးလေ့ရှိတယ်။
ဟိတ်ကြီးဟန်ကြီးမရှိပေမယ့် ပညာရေးကို ရူးသွပ်တယ်။
အသစ်တွေ တီထွင်လေ့ရှိတယ်။
လူတွေကို အလိုက်အထိုက်ဆက်ဆံတတ်ပေမယ့်
တကယ်တော့သူ လူတွေကို ချစ်တယ်။
လူတွေ လိုအပ်မယ်ထင်တာကို ကြိုတင်ပြင်ဆင်
လုပ်ဆောင်ထားလေ့ရှိတယ်။
ငွေရေးကြေးရေးထက် ပညာရေးကို
အဓိကထား လေ့ရှိတယ်။
သူ့နာမည်က Y.E.C Learning Center လို့ခေါ်တယ်။

သူ့မှာ ညီတစ်ယောက်ရှိတယ်။
သူကတော့ နည်းပညာကို ရူးသွပ်တယ်။
နည်းပညာနဲ့ပညာရေးကို ပေါင်းပြီး အပြောင်းအလဲ
လုပ်လိုတယ်။
ထင်ရာကို စလုပ်တယ်။
သူ့နာမည်ကတော့ Y.E.C Online Learning ဖြစ်တယ်။

တတိယသားကေတာ့
စီးပွားရေး ကို စိတ်ဝင်စားတယ်။
လောကမှာ ဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းဖို့
စွန့်ဦးတီထွင်တွေလိုတယ်လို့
သူအလွန်အမင်းယုံကြည်ထားတယ်။
ဒီသူတွေကို သူ့အတွေ့အကြုံတွေ ဝေမျှရှင်း
ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြတယ်။
သူ့နာမည် Dream Lab လို့ခေါ်တယ်။

အငယ်ဆုံးတစ်ယောက်ကတော့
လူတွေကို ကြိုစားစေချင်တယ်။
အကြီးကြီးတွေစဉ်းစားပြီး အချိန်တွေ မဖြုန်းစေချင်ဘူး။
စက္ကန့်တိုင်းကအရေးကြီးတာ သူသိတယ်။
အတိတ်နဲ့အနာဂတ်ကို ကွာခြားစေတာ
ဒီနေ့ဆိုတာ သူသိတယ်။
ဒါ့ကြောင့် လူတွေ အချိန်မဖြုန်းအောင်
ဒီနေ့အရေးကြီးတယ်ဆိုတာ သိအောင်
Today Matters လို့
ကြွေးကြော်လေ့ရှိတယ်။
ငါးကို သစ်ပင်တက်ခိုင်းလို့မရဘူးလို့
သူသိတယ်။
ဒါ့ကြောင့် မတူညီတဲ့သူတွေအတွက်
မတူညီတဲ့ ပုံစံနဲ့ သင်ကြားသွားမည့်
Customized Learning ကို
အဓိကထားလုပ်ဆောင်သွားမယ်။
သူ့နာမည်ကတော့
TMI (Today Matters Institute) ဖြစ်တယ်။

Phyo Paing @ Derek

Share Your Idea!​