ကျွန်တော်ယုံကြည်တဲ့အရာတွေရှိတယ်။ ဒီအရာတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေသလို အခက်အခဲမှန်သမျှကို ကျော်လွှားသွားစေတယ်။
၁. အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။
ဖြစ်ချင်တာက ဆန္ဒဖြစ်လာတာ ဘဝလို့ပြောတတ်ကြတယ်။ တချို့အိမ်မက်တွေ ဖြစ်လာပြီး မဖြစ်လာတဲ့အိမ်မက်တွေကိုတော့ အရာရာပိုကောင်းဖို့ဖြစ်လာတာပါ ဒီယုံကြည်မှုနဲ့ရှေ့ဆက်ခဲ့တယ်။
၂. လူကြောဆိုတာ ရွှေကြော
ချမ်းသာဖို့၊ အောင်မြင်ဖို့ ကိုယ့်ကို ကူညီပေးနိုင်တာ လူတွေပါ။ ဒါကြောင့်ကိုယ့်ရဲ့ဖောက်သည်တွေကို အရေးထားပါ။
၃. ဘာပဲဖြစ်ဖြစ်တာဝန်ယူပါ။
အပြစ်ပုံချရတာလွယ်တယ်။ တာဝန်ယူဖို့ခက်တယ်။ ပြဿနာဖြစ်လာတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ ငါဘယ်လိုတာဝန်ယူနိုင်မလဲ။
၄. အရှုံးဆိုတာ မရှိဘူး။ ရလဒ်တွေပဲရှိတယ်။
မှန်တယ်။ အသစ်စရမှာ မကြောက်ပါနဲ့။ မလုပ်ဖူးတဲ့ ကောင်းမွန်တဲ့အရာတွေကို စတင်ရမှာ မကြောက်ပါနဲ့။ အရှုံးဆိုတာ မရှိပါဘူး။ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။
၅. ပြုလွယ် ပြင်လွယ် ပျော့ပြောင်းပါစေ။
ပန်းတိုင်ရောက်ဖို့ နည်းလမ်းပြောစုံနဲ့သွားလို့ရတယ်။ သင်္ချာပုစ္ဆာအဖြေရဖို့ နည်းလမ်းမျိုးစုံနဲ့တွက်လို့ရတယ်။ Flexible ဖြစ်ဖို့လိုတယ်။
၆. ကျေးဇူးတင်တတ်တဲ့စိတ်နဲ့အသက်ရှင်ပါ။
လောကမှာ လူဖြစ်လာရင် ပြဿနာများတယ်။ ပြဿနာကြားက ကျေးဇူးတင်သင့်တဲ့အရာတွေကို ကျေးဇူးတင်ပြီး Gratitude နဲ့နေ့တိုင်းနေထိုင်ဖြစ်တယ်။
Phyo Paing @ Derek