၁။ ကျေးဇူးတင်စိတ်နဲ့နေထိုင်ပါ။
၂။ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲ ကြို Plan ပါ။
၃။ လူတော်တွေနဲ့ ဝန်းရံထားပါ။
၄။ ကိုယ်မသိသေးတဲ့ မေးခွန်းတွေမေးပါ။
၅။ ကိုယ့်ကိုရင်ခုန်စေတဲ့အလုပ်တွေကိုလုပ်ပါ။
၆။ ငွေကြေးစီမံခန့်ခွဲပါ။ တစ်နှစ်စာ Plan ရှိပါ။
၇။ ပြဿနာထက် အဖြေကိုအာရုံစိုက်ပါ။
၈။ သိထားတာကို အမြန်ဆုံးပြန်အသုံးချပါ။
၉။ အချိန်မဆွဲပါနဲ့။
၁၀။ မနက်ဖြန်ကို စောင့်မနေပါနဲ့။
ဒီနေ့ကိုအကောင်းဆုံးအသုံးချပါ။
Covid-19 အပြီးကို မမျှော်ပါနဲ့။
Covid-19 အတွင်းရှင်သန်နိုင်အောင် ပြင်ဆင်ပါ။
၁၁။ အနာဂတ်မှာဖြစ်နိုင်တဲ့ ပြဿနာတွေကို
ကြိုတင်ဖြေရှင်းပါ။
၁၂။ လူတွေကို ပြင်ပေးကြည့်ပါ။
ပြင်မရ၊ ပြောမရရင်၊ လျစ်လျူရှုလိုက်ပါ။
၁၃။ နေ့တိုင်းတိုးတက်အောင်လုပ်ပါ။
၁၄။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုဆိုရင်
အလွယ်ကူဆုံးနဲ့ အကောင်ထည်ဖော်နိုင်မလဲ
စဉ်းစားကြည့်ပါ။
၁၅။ တစ်ခုခုကို ပြီးပြည့်စုံမှ မစတင်ပါနဲ့။
၁၆။ တစ်ရက်တာဖြတ်သန်းမှုပုံစံရှိထားပါ။
၁၇။ ဘူပိတ်နေတဲ့ ဘူကောင်တွေရှောင်ပါ။
၁၈။ အနာဂတ်အတွက် ချရေးထားတဲ့
Vision ရှိပြီး ကိုယ့်ဝန်ထမ်း၊ သူငယ်ချင်းတွေကို
အမြဲပြောပြပါ။
၁၉။ ကတိတည်ပါ။ မတည်နိုင်တဲ့ ကတိမပေးပါနဲ့။
၂၀။ ကိုယ့်ကိုငွေပြန်ရှာပေးနိုင်တဲ့အရာတွေမှာ
ပိုက်ဆံသုံးပါ။
၂၁။ ကိုယ်လုပ်တဲ့အလုပ်မှာ တစ်ဖက်ကမ်းခတ်
ကျွမ်းကျင်အောင် နေ့တိုင်း အိမ်စာလုပ်ပါ။
၂၂။ ရှုံးမှာ မကြောက်ပါနဲ့။ Backup plan
အမြဲထားရှိပါ။
၂၃။ အဓိကနဲ့ သာမညခွဲသိထားပါ။
၂၄။ သေနည်းအတွက် နေ့စဉ်ကျင့်ပါ။
၂၅။ ကိုယ့်အိပ်မက်အတွက် ဆာလောင်မှု
အရေးကြီးပါတယ်။
၂၆။ သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
၂၇။ မလိုအပ်တဲ့ ကိုယ့်အတွက် အကျိုးမရှိတဲ့
အထင်အမြင်တွေကို ခံစားမနေပါနဲ့။
၂၈။ အတိတ်က အောင်မြင်မှုထက်
အနာဂတ်က ပိုအရေးကြီးတာသတိရပါ။
၂၉။ အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲ
အိမ်ငှါးခမပေးနိုင်ရင် ပြန်ဆင်းရမှာမို့
နေ့တိုင်းအလုပ်ကို လေးလေးနက်နက်ထား
လုပ်ဆောင်ပါ။
၃၀။ ကိုယ့်ကြောင့်သူများ စိတ်မဆင်းရဲပါစေနဲ့။
၃၁။ စေတနာဆိုတာခံစားလို့ရတယ်။
ကိုယ့်အလုပ်ထဲမှာ စေတနာထားပါ။
၃၂။ နားမလည်တဲ့ အခွင့်အလမ်းတစ်ခုကို အထင်မသေးပါနဲ့။
Phyo Paing @ Derek