Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော် To-do list တွေမကြိုက်ဘူး။
To-do list ထက်
နေ့စဥ် Must-do list တွေထားတယ်။
အဲ့ဒါမပြီးရင် မအိပ်ဘူး။

ဒီမဖြစ်မနေလုပ်တဲ့ Must-do list တွေကို
မနက်ထထချင်း နှစ်နာရီလောက်မှာ
ပြီးအောင်လုပ်နိုင်ရင်
ဦးနှောက်က အလုပ်ပြီးမြောက်တယ်လို့
ယူဆတဲ့အတွက် feel good ဖြစ်တယ်။
တစ်ရက်တာလုံးကို ပို productive ဖြစ်စေတယ်။

လုပ်နေကျမဟုတ်တဲ့ To-do list တွေက
စနစ်မရှိတဲ့အတွက် decison fatigue ဖြစ်စေတယ်။

ကျွန်တော်ကတော့ လူကိုစနစ်တစ်ခုလိုပဲမြင်တယ်။
အနုပိုင်းနဲ့ အကြမ်းပိုင်းရှိတယ်။
ကျန်းမာရေး၊ ငွေရေးကြေးရေး၊
အလုပ်အကိုင်နဲ့ စီးပွားရေး၊
အချစ်နဲ့ အိမ်ထောင်ရေး၊ မိသားစုအရေး၊
စိတ်ငြိမ်းချမ်းရေး
ဒီအကန့်တွေမှာ တစ်ခုခုလွတ်နေရင်
ကားဘီးပေါက်သလိုပဲ ရှေ့သွားလို့မလွယ်ဘူး။
ဖြစ်ချင်တာနဲ့ လုပ်နေတာ မကိုက်ညီရင်လဲ
alignment လွဲနေပြီး လမ်းချော်နေမှာ။

Phyo Paing @ Derek

Share Your Idea!​