ပထမနှစ် ဆေးကျောင်းတက်တုန်းက ဆရာကြီး ဦးအောင်မြင့်ဆီမှာ သင်တန်းတက်တယ်။ ဒါပေမယ့် တချို့ အရာတွေက အတန်းကြီးက အစ်ကိုတွေ ရှင်းပြတဲ့အခါ ပိုနားလည်သွားတယ်။ အဲ့ဒီအချိန်မှာ အတွေးတစ်ခုရလိုက်တယ်။ ဒါကို Knowledge gap လို့ခေါ်တယ်။
Professor နဲ့ ကိုယ့်ကြားမှာရှိတဲ့ knowledge gap က ကြီးနေတဲ့အခါ သူဆိုလိုတဲ့ တချို့အဓိပ္ပာယ်တွေကို နားမလည်တော့ဘူး။ ဒီတော့ textbook ဖတ်တယ်။ textbook ဖတ်ရင် စာပိုသိကောင်းသိနိုင်ပေမယ့် စာမေးပွဲမှာ အမှတ်များချင်မှ များမယ်။ စာမေးပွဲဖြေတယ်ဆိုတာ skill တစ်ခုဖြစ်တယ်။
Spoon-feeding နဲ့တော့ ပညာတတ်ကြီးဖြစ်မှာ မဟုတ်ဘူး။ လက်ထဲမှာရှိတဲ့ diploma က ပညာရှင်တွေနဲ့စကားပြောတဲ့အခါ ကိုယ်ဘယ်လောက်ပညာရေးအဆင့်ရှိလည်း နားထောင်တဲ့သူတိုင်းသိတယ်။
ဒါကြောင့်
ကြွားဖို့အတွက် ပညာမသင်ပါနဲ့။
ဘဝပြောင်းလဲဖို့အတွက် ပညာသင်ပါ။
Phyo Paing @ Derek