ကျွန်တော်ယုံကြည်တာက
ကံကောင်းရင် ပိုက်ဆံက
မြန်မြန်ချမ်းသာနိုင်တယ်။
ကျွမ်းကျင်မှုက ချက်ချင်း
ကျွမ်းကျင်သွားဖို့မလွယ်ဘူး။
ဒါကြောင့် မိဘတွေက
ကလေးတွေကို ငွေကုန်ကြေးကျ
အကုန်ခံပြီး ငယ်စဥ်အခါ
ပညာသင်ပေးကြတယ်။
အသက်ကြီးတော့လဲအလားတူပဲ။
ခေတ်စနစ်နဲ့ စကေးနဲ့ ကိုက်တဲ့အခါ
ရေကန်သင့် ကြာသင့်ဖြစ်တတ်ကြတယ်။
ခေတ်စနစ်နဲ့ အတူ လိုအပ်တဲ့စကေးမရှိရင်
သူများလုပ်တာပဲ ထိုင်ငေးနေရမယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့
အမြဲဆုံးမတယ်။
အချိန်မဖြုန်းနဲ့။
ကိုယ့်ကိုထမင်းကြွေးတဲ့အလုပ်ကို
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့
နေ့စဥ် ဝမ်းစာဖြည့်နေဖို့လိုတယ်။
Phyo Paing @ Derek