ဒီနေ့ခေတ် Business model
ဒီနေ့လို pandemic မှာ တချို့လုပ်ငန်းတွေတော်တော်ထိကြတယ်။ တချို့လုပ်ငန်းတွေ grow ဖြစ်ကြတယ်။ ခေတ်ရေစီးကြောင်းက စားသုံးသူတွေပေါ်မူတည်ပြီးပြောင်းလဲလာတယ်။ စဥ်းစားလို့ရတဲ့ business model ခြောက်ခု။
၁။ သင့်လုပ်ငန်းက Social Media ကို အသုံးပြုရတဲ့ Business မျိုးလား? ဒါဆို Social Media ကိုအကောင်းဆုံးအသုံးပြုနေသလား?
၂။ ကိုယ်တိုင်ဖန်တီးထားပြီး စျေးနှုန်းသတ်မှတ်လို့ရတဲ့ စျေးကွက်ကလိုအပ်တဲ့ ပစ္စည်းတွေရောင်းချနေလား? (ကိုယ်တိုင်ဖန်တီးရင် စျေးနှုန်းကို ကိုယ်တိုင်သက်မှတ်လို့ရမယ်။ ဝယ်ရောင်းမဟုတ်ဘူး။)
၃။ Scalable ဖြစ်သလား? (လူအများကြီးထပ်ထည့်စရာ၊ ငွေအများကြီးထပ်ထည့်စရာမလိုပဲ ချဲ့လို့ရသလား? တနည်းအားဖြင့် နည်းပညာသုံးတဲ့လုပ်ငန်းလား?)
၄။ Recurring revenue ရသလား? (တစ်ခါရောင်းပြီး ပြီးသွားတာမဟုတ်ပဲ၊ ထပ်ခါထပ်ခါရနေတဲ့ ဝင်ငွေမျိုးရတဲ့ စီးပွားရေးလုပ်ငန်းမျိုးလား? ဥပမာ saas Software as a service မျိုး သို့ Subscription website တွေ၊ Dollar Shave Club လိုမျိုး)
၅။ Online + Offline integration လုပ်ထားတဲ့ business မျိုးဖြစ်သလား? (ခုနောက်ပိုင်း အနောက်တိုင်းမှာ Cloud Kitchens ဆိုတဲ့အယူအဆတွေလိုမျိုး။ ဆိုင်အတွက်နေရာငှားလို့ရတယ်။ Kitchen အတွက် ကုန်ကျစရိတ်မများဘူး။ Kitchen တစ်ခုတည်းနဲ့ ဆိုင်လေးဆိုင်လောက် မတူညီတဲ့ Menu နဲ့ ဖွင့်ပြီး Grab Food တို့၊ Foodpanda တို့ Uber Eats တို့ပေါ်မှာတခါတည်းတင်ရောင်းလို့ရတာမျိုး။ တရုတ်မှာဆို ဒီလို O2O (Online to Offline) retailing တွေလဲအရမ်းခေတ်စားလာတယ်။ ရန်ကုန်မှာဆို ထိုင်ဝမ်ကလာဖွင့်တဲ့ City Mart တချို့မှာဖွင့်တဲ့ Ku Ku ဆို ဆိုင်သေးသေးနဲ့ online ကို leverage လုပ်သွားသလိုမျိုး။
၆။ Projects on Demand ဒီနေ့ခေတ် freelancer အများစုက skills တွေကိုပြထားမယ်။ Client လိုချင်တဲ့ဟာကို customize လုပ်ပေးတယ်။ ဒီအစား တစ်ခါတည်း scale လုပ်လို့ရအောင် KPI, Tasks နဲ့ Happy clients တွေပြပြီး အဓိကအားသာတဲ့ projects တွေကို on demand စီစဥ်လို့ရပါတယ်။ (ကျွန်တော့် team စမ်းကြည့်တာတော့ တော်တော်လေးအဆင်ပြေတာ တွေ့ရတယ်။)
Phyo Paing @ Derek