ဒါကြောင့် ခံစားချက်များတဲ့သူတွေနဲ့
အလုပ်လုပ်ဖို့ကို တတ်နိုင်သမျှရှောင်တယ်။
ပုံပြင်ပေါင်းများစွာနဲ့။
ကိုယ်ပျော်ပျော်မပျော်ပျော်
ထမင်းစားဖို့ အလုပ်ကလုပ်ရအုံးမှာပဲ။
ပိုက်ဆံတွေအရမ်းချမ်းသာနေရင်တော့
မပြောတတ်ဘူး။
ပျော်ပျော်မပျော်ပျော်
customer service
ဖောက်သည်ဝန်ဆောင်မှုလုပ်ရင်တော့
ပြုံးပြ စကားပြောချိုသာရမှာပဲ။
ကိုယ်က ဒီအလုပ်အတွက်
ပိုက်ဆံယူထားတာမဟုတ်လား။
ခံစားချက်များတဲ့သူတွေက
အမြဲ play ခံနေရမှာ။
မီဒီယာက ပလေးသွားလိုက်၊
ဒုက္ခပေး၊ ထိန်းချုပ်ချင်သူက
ပလေးသွားလိုက်နဲ့။
ခံစားချက်တွေ ဘေးဖယ်
ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုတယ်။
Phyo Paing @ Derek