အချစ်ရေးမှာဖြစ်ဖြစ်
အလုပ်မျာဖြစ်ဖြစ်
ကိုယ့်ရဲ့ပါတနာတိုင်းက
ခံယူချက်တူဖို့အရေးကြီးတယ်။
ခံယူချက်မတူရင်
ခံစားချက်မတူဘူး။
ဥပမာတစ်ယောက်က
အလုပ်ကိုတန်ဖိုးထားတဲ့ခံယူချက်ရှိတယ်။
အလုပ်ကိုဘဝလိုတန်ဖိုးထားတယ်။
အလုပ်ဆိုတာ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့
အစိတ်အပိုင်းလို့ယူဆတယ်။
တစ်ယောက်က
အလုပ်ဆိုတာ မသေမချင်းလုပ်ရမှာပါကွာ။
အေးဆေးပေါ့လို့စဥ်းစားမယ်။
ခံယူချက်မတူရင် ငြိယူဖို့ခက်တယ်။
ဘဝတစ်လျှောက်လုံးမှာ
တဖြည်းဖြည်းနားလည်လာတဲ့သင်ခန်းစာတစ်ခုပဲ။
ဒါကြောင့် အချစ်ရေး၊
အလုပ်အကိုင် အကုန်လုံးမှာ
ခံယူချက်တူတဲ့သူတွေနဲ့
အလုပ်လုပ်ဖို့လိုတယ်။
အမြင်နဲ့ ခံယူချက်နဲ့မတူဘူး။
ခံယူချက်က အတွင်းပိုင်းစိတ်ထား။
အမြင်က အကြောင်းအရာတစ်ခုအပေါ်
မြင်တဲ့အမြင်။
အမြင်တွေကွဲလို့ရတယ်။
ခံယူချက်တွေ မတူလို့မရဘူး။
ဘာကြောင့်လဲဆိုတော့
ခံယူချက်မတူရင်
ခံစားချက်မတူဘူး။
Phyo Paing @ Derek