Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ချမ်းသာကြွယ်ဝမှုတည်ဆောက်တဲ့
အဆင့်လေးဆင့်

၁။ အချိန်ရောင်းတာ
ရေပိုက်ပြင်တဲ့သူဆိုပါတော့။
အိမ်တစ်အိမ်ရေပျက်တဲ့အချိန်
ရေပိုက်လာပြင်ပေးတာ။
လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းအနေနဲ့
အချိန်ရောင်းတာ။

၂။ ရလဒ်ရောင်းတာ
Project တစ်ခုတာဝန်ယူပြီးလုပ်တာ။
အိမ်ဆောက်တာနဲ့ဆို
ကန်ထရိုက်တာ ပုံစံမျိုးပေါ့။
Contract နဲ့ လုပ်တာ။

၃။ အမှတ်တံဆိပ်တည်ဆောက်ပြီးလုပ်တာ။
ဥပမာ property developer ဆိုပါတော့
ဒီ Condo ကို တည်ဆောက်တယ်ဆိုပြီး
မြေနေရာမှာ condo ဆောက်ရောင်းတဲ့အခါ
ဖြစ်ပေါ်လာတဲ့ တန်ဖိုးက
မြေပိုင်ရှင်ခိုင်းတဲ့အပေါ်မှာ
တိုက်ဆောက်ပေးတာထက် တာဝန်ယူမှု
တာဝန်ခံမှုလဲ များလာသလို
ပြန်ရနိုင်တဲ့အမောင့်ကလဲ များတယ်။

၄။ ငွေကြေးရင်းနှီးမြုပ်နှုံမှု
ကိုယ့်ဆီမှာ property developer တွေနဲ့
relationship ကောင်းတယ်။
နောက် သူတို့ငွေလိုတဲ့အခါတိုင်း
project မစခင်တိုင်းမှာ နေရာကောင်းတချို့ကို
ကြိုပြီး ရင်းနှီးမြုပ်နှံမှုလုပ်ထားလို့ရတဲ့
အခွင့်အရေးရတယ်ဆိုပါတော့။
ဒါက wealth creation ရဲ့
နောက်တစ်ဆင့်။

သေချာတာတစ်ခုကတော့
အချိန်ပဲရောင်းနေရင်
ချမ်းသာကြွယ်ဝမှုဖြစ်စဥ်မှာ
အချိန်အများကြီးပိုကြာနိုင်တယ်။​

ဒီတော့ လူနဲ့ ငွေကိုအသုံးပြုပြီး
လုပ်ငန်းတွေချဲ့ကြတယ်။
ဒီနေ့မှာတော့ Naval Ravikant
permissionless leverage
ဆိုတဲ့ အယူအဆပေါ်လာပြီ။​
Media နဲ့ Code ကို အသုံးချနိုင်ရင်
ချမ်းသာကြွယ်ဝမှုကိုမြန်မြန်တည်ဆောက်နိုင်တယ်။

ဘာကြောင့်လဲဆိုတော့
software နောက်တစ်ခုကိုပြန်ဖန်တီးမှု
ကုန်ကျစရိတ် marginal cost
အရမ်းနည်းတယ်။
နောက် media ကို လွှမ်းမိုးနိုင်တယ်ဆို
ကြော်ငြာစရိတ်ကို အခမဲ့နည်းပါးနဲ့
wealth creation တည်ဆောက်လို့ရတယ်။

Phyo Paing @ Derek

Share Your Idea!​