အသက်ကြီးလာတာနဲ့အမျှ
ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်
တခြားသူတွေရဲ့ ခွင့်ပြုချက်ကို
တောင်းခံမနေတော့ဘူး။
ပျော်ရွင်မှုရဲ့ သူခိုးက တခြားသူတွေရဲ့
ခွင့်ပြုချက် approval ကို
တောင်းခံတတ်တဲ့အကျင့်ပါ။
ငယ်ငယ်ကဆို တစ်ခုခုလုပ်ဖို့
လူတိုင်းကို အားနာနေတတ်တယ်။
ကိုယ့်အထင်အမြင်အတိုင်းပြောလိုက်ရင်
တဖက်သူ စိတ်မကောင်းဖြစ်သွားမှာ
ဘယ်လိုခံစားရမလဲမသိဘူး
အမြဲစဥ်းစားပြီး အားနာနေတတ်တယ်။
နောက် ဟင်းဝယ်၊ ထမင်းဝယ်ရင်တောင်
ငါဝယ်လိုက်တာ လိုတာထက်များသွားပြီကွာ
ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေ
လုပ်မိခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကပေါ့။
နောက်ပိုင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပြီး
ကိုယ်ပိုင် အတွေးအခေါ်ပြန်ထုတ်တယ်။
ဘဝမှာ အရေးအကြီးဆုံးက နေပျော်ဖို့။
ကျွန်တော့်ဘဝ နေပျော်ဖို့ အမြဲတိုးတက်နေဖို့လိုတယ်။
တိုးတက်နေဖို့ အမြဲအသစ်တွေလေ့လာနေဖို့
စမ်းသပ်မှုတွေ လုပ်နေဖို့ လိုတယ်။
ဆုံးရှုံးမှာ ကြောက်နေလို့မရဘူး။
တစ်သက်မှာ တစ်ခါ လူလာဖြစ်တာ။
ဒီတော့ Personal Growth နဲ့
Experiment (Social, Business, etc) တွေ လုပ်တယ်။
နောက် ကိုယ့်ကို မပျော်စေတဲ့အထဲမှာ
သူများနဲ့နှိုင်းယှဥ်တာ၊
ကိုယ်ချစ်တဲ့သူတွေကို အားမရတာပါတယ်။
အဲ့တော့ သူများနဲ့မတူအောင် အကုန်လုံးကိုစဥ်းစားကြည့်တယ်။
လူတွေအရမ်း attachment မဖြစ်အောင်နေတယ်။
သူတို့အပေါ် မျှော်လင့်ချက်တွေ မထားမိအောင်ကြိုးစားတယ်။
တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် approval seeking လုပ်
ခွင့်တောင်းမနေဘူး ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ်
ကျေနပ် ဂုဏ်ယူအောင် နေတယ်။
လောကမှာ နေပျော်ချင်ရင်
ကိုယ့်ရဲ့ဖြစ်တည်မှု၊ ခံစားမှုတွေအတွက်
တခြားသူတွေကို ခွင့်တောင်းမနေနဲ့။
လုပ်စရာရှိတာ လုပ်သာချလိုက်။
Phyo Paing @ Derek