အတားအဆီးတွေကြောင့်
ကိုယ့်အိပ်မက်တွေကို
အရှင်လတ်လတ် မြေမမြုပ်လိုက်ဖို့လိုတယ်။
အိပ်မက်တွေက
အတားအဆီးတွေထက်
အများကြီး ပိုကြီးဖို့လိုနိုင်တယ်။
ငယ်ငယ်က အိပ်မက်တွေရှိလိမ့်မယ်။
ဘယ်လို ဘဝမျိုးနေချင်တာ၊
ဘာတွေ ပိုင်ဆိုင်ချင်တာ၊
ဘယ်လို လူမျိုးဖြစ်ချင်တာ၊
ဘာအလုပ်တွေ လုပ်နေချင်တာ။
ဒီအိပ်မက်တွေကို ပြန်လည်တူးဆွဖို့
လိုနိုင်တယ်။
အိပ်မက်တွေရဲ့ဆွဲငင်အားက
အတားအဆီးတွေရဲ့ ပိတ်ပင်မှုထက်
ပြင်းအားပိုကြီးနေဖို့လိုတယ်။
Phyo Paing @ Derek