တချိို့မိဘတွေက ဘဝဖြတ်သန်းမှုအလျောက်
သူတို့ကိုယ်သူတို့
အဆိပ်မိလို့မိမှန်းမသိပဲ
အဆိပ်ကို သကြားထင်ပြီး
သားသမီးတွေကို သူတို့ရဲ့
အတွေးအခေါ်၊ ယုံကြည်မှု၊
တန်ဖိုးထားမှုတွေနဲ့
ဘဝပိုကောင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့
ဘောင်ခတ်လွမ်းမိုးဖို့ ကြိုးစားတတ်ကြတယ်။
အသက်အရွယ်တစ်ခုရောက်လာတော့
စာတွေဖတ်၊ ပြန်လည်သုံးသပ်ပြီး
ကိုယ့်ရဲ့ယုံကြည်မှုနဲ့
ပတ်ဝန်းကျင် အသိုင်းအဝိုင်း
နေထိုင်တဲ့နေရာနဲ့လူမျိုးရဲ့
ယုံကြည်မှုတွေကို ပြန်လည်ဆန်းစစ်ဖြစ်တယ်။
နောက်ဖြေဆေးရှာကြည့်တယ်။
တချို့လူတွေက အတွေးအခေါ်
အဆိပ်ခပ်ခံခဲ့ရတယ်။
အဆိပ်သင့်နေတုန်းပဲ။
ဒီအဆိပ်ဒဏ်အတွက်
အတွေးအခေါ် ဖြေဆေးလိုတယ်။
Phyo Paing @ Derek