လောကီမှာ
လိုချင်တဲ့ စိတ်ဆန္ဒ၊
တပ်မက်မှု၊ တဏှာတွေကို
ဖြည့်ဆည်းရင်းစိတ်ကျေနပ်မှုကို
ရှာဖွေကြတယ်။
ကိုယ်ဖြစ်ချင်တာဖြစ်လာတော့
ပျော်တယ်။
ကိုယ်ဖြစ်ချင်စေချင်တာ
ဖြစ်မလာတော့ ဝမ်းနည်းတယ်။
မဖြစ်စေချင်တာ ဖြစ်လာတော့
ဒေါသထွက်တယ်။
ချစ်တယ်။ ကြိုက်တယ်။
လိုချင်တယ်။ တောင်းတတယ်။
လူတွေအထင်ကြီးစေချင်တယ်။
လူတွေအထင်အမြင်သေးရင်
စိတ်ညစ်မယ်။
ကိုယ်ကသာနေရင်ပျော်မယ်။
နောက်ကောက်ကျနေရင်အားငယ်မယ်။
လောကုတ္တရာကျတော့
ကိုယ့်ရဲ့ဖြစ်တည်မှု
ပကတိအခြေအနေမှာ
ပစ္စုပ္ပာန်တည့်တည့်ကိုရှု
တဏှာနဲ့ တပ်မက်မှုတွေက
ကိုယ့်စိတ်ကိုလာရောက်နှိုးဆွတာကို
ဥာဏ်နဲ့ရှုတယ်။
ဆင်ခြင်တယ်။
သုံးသပ်တယ်။
ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။
နောက် စိတ်ထားတတ်အောင်လေ့ကျင့်။
Phyo Paing @ Derek