ငယ်ဘဝကို ခက်ခက်ခဲခဲ
ဖြတ်သန်းခဲ့ရသူတိုင်းက
ကံကောင်းတယ်လို့ဆိုလို့ရတယ်။
ဘာကြောင့်လဲ ရှင်းပြပါရစေ။
အနာဂတ်ကို မျက်စိမှိတ်
မယုံကြည်ဘူး။
ကြိုတင်ပြင်ဆင်မှုရှိတယ်။
ဘယ်တွေရဲ့အရိပ်အကဲကို
သိတယ်။
လူတွေပြောတာနဲ့တကယ်နဲ့ကြား
ကွာခြားမှုတွေရှိတယ်ဆိုတာသိတယ်။
ကိုယ်ရှိမှ ကိုယ်ဖြစ်မယ်ဆိုတာသိတယ်။
ဒီတော့ သူတို့က
ဘဝပြဿနာတွေ
ဒုက္ခတွေကြုံတဲ့အခါ
ငယ်ငယ်ဘဝကို လွယ်လွယ်ကူကူ
ပျော်ပျော်ရွင်ရွင်ဖြတ်သန်းလာသူတွေထက်
ပိုသန်မာတတ်ကြတယ်။
စိတ်ဝင်စားရင်သုတေသနတွေကို
ဆက်ဖတ်ကြည့်ပါ။
လူတွေဟာ ဘဝရဲ့ စိတ်ဒဏ်ရာပြီးနောက်
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
သုတေသန (Tedeschi & Calhoun, 2004) အရ
ငယ်စဉ်ကတည်းက ဆိုးရွားတဲ့
အခြေအနေတွေကို ကြုံတွေ့ခဲ့ရတဲ့သူတွေဟာ
ပိုမိုခံနိုင်ရည်ရှိကြပြီး
ပြဿနာဖြေရှင်းနိုင်စွမ်းလည်း ပိုကောင်းကြတယ်။
ကလေးဘဝက ဆိုးရွားတဲ့အခြေအနေနဲ့
စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (Goleman, 1995)
လေ့လာမှုအရ ခက်ခဲမှုတွေကို
ကြုံတွေ့ခဲ့ရတဲ့သူတွေဟာ
လူမှုဆက်ဆံရေးကို ပိုမိုသိမြင်နားလည်ကြပြီး
အန္တရာယ်တွေကို ပိုမိုအကဲဖြတ်နိုင်ကြတယ်။
စိတ်ဖိစီးမှု ခံနိုင်ရည်ရှိမှုဆိုင်ရာ
သီအိုရီ (Meichenbaum, 1985) လေ့လာချက်အရ
ကလေးဘဝမှာ အတော်အတန်
စိတ်ဖိစီးမှုရှိခြင်းဟာ လူတွေကို စိတ်ပိုင်းဆိုင်ရာ
ခိုင်မာမှုတည်ဆောက်ရာမှာ အထောက်အကူဖြစ်ပြီး
အနာဂတ်မှာ စိန်ခေါ်မှုတွေကို
ပိုမိုထိရောက်စွာ လိုက်လျောညီထွေဖြစ်အောင်
လုပ်ဆောင်နိုင်စေတယ်။
ဒါကြောင့် ကိုယ့်ကလေးတွေကို
ဒုက္ခရောက်မှာကြောက်တာ
ဒုက္ခနဲ့မတွေ့စေဖို့မျိုးစုံကူညီတာမျိုးကို
အစွန်းမရောက်ဖို့လိုသလို
ကိုယ့်ငယ်ဘဝက ကြမ်းတမ်းခဲ့တဲ့အတွက်
စိတ်ညစ်စရာမဟုတ်ပါဘူး။
အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။
Phyo Paing @ Derek