ရေကြီးတဲ့နေရာမှာ
ခြေတန်ရှည်အိမ်တွေဆောက်တာ
မြင်ဖူးလိမ့်မယ်။
အလားတူပဲ ကာလံဒေသံပေါ်မူတည်ပြီး
အကောင်းဆုံး “Business Model” ကို
ရွေးချယ်နိုင်ဖို့လိုတယ်။
အရင်ကတော့ ရပ်ကွက်ထိပ်မှာ
စာအုပ်ဆိုင်လေးဖွင့်တဲ့ခေတ်။
ဒီနေ့ခေတ်က Website နဲ့ App တွေလုပ်ပြီး
ငှားတဲ့ခေတ်ဖြစ်သွားပြီ။
အရင်ခေတ်က စာအုပ်ဆိုင်ဖွင့်ဖို့လူလိုတယ်။
ဒီနေ့ခေတ်က စာအုပ်ဆိုင်ဖွင့်ဖို့
နည်းပညာပဲလိုတယ်။
ဘာကွာသွားလဲ?
စီးပွားရေးလုပ်တဲ့ပုံစံကွာသွားတယ်။
ဒါကို Business Model လို့ခေါ်တယ်။
ဒီလို စီးပွားရေးလုပ်တဲ့ပုံစံ
တီထွင်ဆန်းသစ်တာကို
Business Model Innovation လို့ခေါ်တယ်။
လုပ်ငန်းတစ်ခုရဲ့ ဖွဲ့စည်းလည်ပတ်ပုံတွေ
မလုပ်ခင်မှာ သူ့ရဲ့ Business Model ကို
အရင်သိဖို့လိုတယ်။
ကိုယ့်လုပ်ငန်းကို ဒီဇိုင်းဆွဲတဲ့အခါလဲအတူပဲ
ပထမဆုံးစဥ်းစားရတာ
ငါဘယ်လိုပုံစံနဲ့ စီးပွားရေးလုပ်မှာလဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay