Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ငါသည် ငါမဟုတ်ဘူး။

ငါသည် ငါမဟုတ်ဘူး။

မိခင်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကိုယ့်ပုံစံလေးကို
ပြန်စဥ်းစားကြည့်ကြည့်
ဘယ်လို ပုံစံလေးဖြစ်နေမလဲ။

နောက် ငါးနှစ်အရွယ်ကလေးငယ်
အချိန်က ပုံလေးကို စဥ်းစားကြည့်ကြည့်။

နောက် ၁၈ နှစ်သားအရွယ်လေးကို
စဥ်းစားကြည့်ကြည့်။

နောက် အခုရွယ်ကို ပြန်စဥ်းစားကြည့်ကြည့်။

တူမလိုလိုနဲ့ မတူတော့ဘူး။
ပုံပန်းသဏ္ဏန်၊
အတွေးအခေါ်၊ ကျွမ်းကျင်မှု၊
တန်ဖိုးထား၊ ယုံကြည်မှု။

ဂရိအတွေးအခေါ်ပညာတစ်ခုမှာ
The ship of Theseus ဆိုတာရှိတယ်။
ဘုရင် Theseus ရဲ့ လှေကြီးကို
ပြုပြင်ဖို့ ပစ္စည်းတွေ အစားထိုးမယ်။
အစားထိုးလိုက်ရင် ဒီလှေကြီးက
အရင် The ship of Theseus ပဲလား။
ဒါမှမဟုတ် လှေမှာပါတဲ့
ပစ္စည်းတွေအကုန်လုံးကို
ဟောင်းနွမ်းတဲ့အတွက် အသစ်နဲ့
အကုန်အစားထိုးလိုက်ရင်
ဒါက အရင်လှေကြီးပဲလား။
လှေအသစ်လား။
ဒါက အတွေးအခေါ်စမ်းသပ်မှု
တစ်ခုဖြစ်တယ်။

လူတွေမှာ အမြဲအသစ်ဖြစ်နေတယ်။
အရေပြားဆဲလ်တွေဆိုရင်
နှစ်ပတ်နဲ့ သုံးပတ်ကြားမှာ
အသစ်ပြန်ဖြစ်နေတယ်။

ခန္ဓာကိုယ်ထဲကသွေးနီဥဆို
ရက် ၁၂၀ နေရင် တစ်ခါအသစ်ပြန်ဖြစ်နေတယ်။

အသည်းကဆဲလ်တွေဆိုရင်
ရက် ၃၀၀ နဲ့ ၅၀၀ ဆိုရင် အသစ်ပြန်ဖြစ်နေတယ်။

အရိုးဆိုရင် ဆယ်နှစ်တစ်ခါ။

အဆုတ်ထဲကဆဲလ်တွေဆိုရင် ၈ ရက်တစ်ခါ။

ဒါကို ဆေးပညာမှာ
Apoptosis အပိုတိုးစစ် လို့ခေါ်တယ်။

အသစ်တွေပြန်ဖြစ်နေတယ်။

လူတွေရဲ့ “ငါဘယ်သူလဲ” ဆိုတာ
အချိန်နဲ့ အမျှပြောင်းနေတယ်။

တခါတလေ ကိုယ့်ကိုကိုယ်
ခွင့်လွတ်ဖို့လိုတဲ့ အချိန်တွေရှိတတ်တယ်။

ကိုယ့်ကိုကိုယ် ပြန်ပြောလို့ရတာ
ငါသည် ငါမဟုတ်။

Phyo Paing @ Derek

Share Your Idea!​