စဥ်းစားကြည့်ကြည့် relationship တစ်ခုမှာ
တစ်ယောက်က တဖက်လူတစ်ယောက်ရဲ့
attention ကိုပိုလိုနေတာမျိုး။
needy ပိုဖြစ်နေတာမျိုး။
တချို့လူတွေက ဘာကြောင့်
ကိုယ့်အားကိုယ်ကိုးဖို့မစဥ်းစားတာလဲလို့
စဉ်းစားမိတဲ့အချိန်တွေရောရှိသလား။
တခါတလေ အစော်ကားခံရတယ်လို့
ခံစားရတဲ့အချိန်တွေရှိသလား။
ဒါမှ မဟုတ်ချိန်းထားပြီး last minute မှ
cancel လုပ်တဲ့အတွက် ဒေါသထွက်ရတာမျိုး။
တခါတလေ လူရှေ့သူရှေ့မှာ
ကိုယ့်ကိုကိုယ်အကောင်းဆုံးပြချင်ပေမယ့်
အရှက်ရသွားတဲ့အချိန်မျိုး။
တခါတလေ အိမ်မှာ အဆင်မပြေတဲ့အရာက
ရုံးမှာ သွားပေါက်ကွဲမိတာမျိုး။
သစ္စာဖောက်ခံရမှာ ကြောက်တာမျိုး။
သဝန်အမြဲတိုရမှာကြောက်နေတာမျိုး။
ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။
ငါက နင်အလိုက်မသိဘူးပြောပြန်ရင်လဲ
ငါက ပါးစိပါးစပ်များတယ်လို့နင်က
ပြောပြန်အုံးမယ်ဆိုတဲ့ projections တွေ
လုပ်နေမိသလား။
ကိုယ့်ကို အထင်သေးမှာကြောက်တဲ့အတွက်
သေလောက်အောင် ချစ်နေပါစေအုံး
မဆက်သွယ်ပဲ နေတဲ့အချိန်တွေရှိဖူးလား။
အောက်မျက်ခုံးတွေလုပ်နေတယ်။
ဘာများဖြစ်တော့မလဲမသိဘူးဆိုတဲ့
superstitious belief တွေရှိသလား။
အရမ်းလဲချစ်တယ်၊ အရမ်းလဲမုန်းတယ်ဆိုတဲ့
bittersweet ခံစားချက်တွေခံစားဖူးသလား။
ဒီတစ်ယောက်ကိုရွေးရမလား၊
ဒါမှမဟုတ် ဟိုတစ်ယောက်ပဲရွေးရမလား၊
ဘာပဲရွေးရွေး တစ်ခုခုလိုနေသလိုပဲ
ခံစားမှုတွေဖြစ်နေလား။
ကိုယ့်ရဲ့ ideal အကောင်းဆုံးအခြေအနေကို
စဥ်းစားလိုက်တိုင်း လက်ရှိနဲ့ တလွဲဖြစ်နေသလား။
ဒါကြောင့် တခါတလေ ခဏအတွင်းချစ်ကျွမ်းဝင်၊
ခဏနဲ့ ပြန်ပြတ် ဒီ pattern က
အမြဲဖြစ်နေတာမျိုး။
တချို့က လူတစ်ယောက်ကို
ဘဝကြီးပုံအပ်လိုက်ဖို့ မယုံနိုင်တာ။
narcissistic ဖြစ်တယ်ဆိုတာ
ကိုယ့်ကိုကိုယ်အကြောင်းပဲစဥ်းစားစိတ်ဝင်စားတယ်ဆိုတာ
personality disorder လို့ပြောကြပြီး
လူတိုင်းက self-esteem တို့လိုရှိပြီး
narcissism ကို အနည်းနဲ့အများခံစားကြရတယ်ဆိုတာ
သိပြီးပြီလား?
Marriage တွေရဲ့ failure rate က
အနောက်တိုင်းမှာ 50% လောက်ရှိပြီး
ရှိနေတဲ့ marriage အများစု ဘာကြောင့်
ပျော်စရာမကောင်းသလဲ?
Marriage ဆိုတာ jealousy သဝန်တိုတာနဲ့
ကိုယ့်ကို reject လုပ်သွားတဲ့ shame ကနေ
ကာကွယ်ပေးဖို့ အနာဂတ်ကို ခန့်မှန်းလို့ရအောင်
လုပ်တဲ့ အကာအကွယ်တစ်ခုလို့
author ပြောတာက စဥ်းစားစရာတစ်ခုလား။
တခါတလေ ငါဒီနေ့လေ့ကျင့်ခန်းတွေလဲ
အရမ်းလုပ်ထားပြီးပြီပဲ။
ice-cream လေးတော့ ကစ်လိုက်ပါအုံးမယ်ဆိုတဲ့
rationalization တွေ လုပ်သလား။
လူတွေက မလိုချင်တဲ့ စိတ်ခံစားမှု
emotion signal တစ်ခုပြတိုင်းမှာ
defense mechanism အလုပ်လုပ်ပြီး
တချို့အရာတွေကို သတိမပြုမိပဲ
ဖြစ်နေတတ်တယ်။
တခါတလေ ကိုယ်ဒေါသထွက်နေတာကို
မသိတာမျိုးဖြစ်တတ်တယ်။
တခါတလေ ကိုယ်ဘယ်လိုခံစားနေရတာ
မသိတဲ့အပြင် ဘာကြောင့်
ဒီလိုခံစားရတယ်ဆိုတာ ပြန်သုံးသပ်တဲ့
ဖြစ်စဥ်မရှိရင် တိုင်အကြီးကြီးပတ်ပြီ။
ဒါကြောင့် self-observation လိုတယ်။
နောက် intellectualization လိုတယ်။
ကလေးငိုသံကြားလိုက်ရင်
လူတွေက နေမသိထိုင်မသာဖြစ်ကြတယ်။
မိခင်သားအိမ်ထဲက လွတ်မြောက်လာတဲ့အခါ
ဒေါသ၊ ဘာဖြစ်မလဲ ကြောက်စိတ်
ဒီအသံကြီးနဲ့ ကလေးငိုသံကြားတိုင်း
စိတ်ထဲတမျိုးကြီးဖြစ်တာမျိုးကြုံဖူးလိမ့်မယ်။
ကလေးဘဝမှာ မိခင်ကလဲ
သူ့အကြောင်းသူတွေး၊ သူ့လိုအပ်ချက်ပဲ
ရှေ့တန်းတင်ပြီး ကလေးတကယ်လိုအပ်တာကို
မေ့နေတဲ့အချိန်မျိုးရှိတတ်တယ်။
ဒီလို လိုအပ်ချက်တွေ လျစ်လျူရှုခံရတဲ့
ကလေးမှာ စိတ်ခံစားမှု အစိုင်အခဲတွေ
ဖြစ်နေတတ်တယ်။
တချို့လူတွေက လူတွေကို အားကိုးတတ်တယ်။
တချို့က self-reliance ဖြစ်တယ်။
တချို့က ကိုယ်နဲ့အသက်တူတွေ
အောင်မြင်တာကြည့်ပြီး ငါကျန်ခဲ့ပြီဆိုတဲ့
ခံစားချက်နဲ့ shame အရှက်ရတဲ့ခံစားချက်ဖြစ်တယ်။
ဒါကို ကာကွယ်ဖို့ blame လုပ်တာနဲ့တွဲတတ်တယ်။
ဒီလို ခံစားချက်တွေကို မယုံမိဖို့လိုတယ်။
စိတ်ခံစားချက်တွေကို မသုံးတတ်ပဲ
defense mechanism အတိုင်း
စိတ်လိုက်မာန်ပါလုပ်ရင်
လမ်းကြောင်းမှားတွေဆီ တွန်းပို့နိုင်တယ်။
ဒါကြောင့် စိတ်ခံစားမှုကို
self-observation လုပ်တာ၊
mindfulness practice တရားထိုင်တာ၊
ခံစားမှုကို လက်ညှိုးထိုးပြခိုင်းတာ
(ကျွန်တော်ကတော့ ဒီနည်းနဲ့
color therapy နဲ့တွဲသုံးတယ်။)
ကိုယ့်ခံစားချက်တိုင်းမကို မယုံကြည်တာ။
ကိုယ့်ကိုကိုယ် ရိုးသားစွာပြန်ဆန်းစစ်တာ။
သတ္တိ၊ မေတ္တာနဲ့ ရွေးချယ်ရဲဖို့လိုတယ်။
ဘယ်လိုဖြစ်ဖြစ် psychological
defense mechanism က
ကိုယ့်ကိုကာကွယ်ဖို့
အလုပ်လုပ်နေတာသိရမယ်။
ဒါကို အသုံးချနိုင်မှာ ဘဝတိုင်မပတ်မှာ။
www.toetet.com/insidernote
Phyo Paing @ Derek