ပျော်ဖို့အတွက်
အာရုံခြောက်ပါးကိုနှိုးဆွလို့ရတယ်။
မြင်ချင်တာမြင်ရင်ပျော်တယ်။
ကြားချင်တာကြားရင်ပျော်တယ်။
ရချင်တဲ့အနံ့ရရင်ပျော်တယ်။
စားချင်တဲ့အရသာ စားရရင်ပျော်တယ်။
လိုချင်တဲ့အထိအတွေ့ရရင်ပျော်တယ်။
တွေးချင်တဲ့အတွေးတွေးနေရရင်ပျော်တယ်။
မမြင်ချင်ရင် မျက်စိမှိတ်လို့ရတယ်။
မကြားချင်ရင် နားပိတ်လို့ရတယ်။
အနံ့မရချင်ရင် နေရာပြောင်းလို့ရတယ်။
ဗိုက်ပြည့်ရင် အရသာကောင်းလဲ
မစားချင်တော့အောင်လုပ်လို့ရတယ်။
လိုချင်တဲ့အထိအတွေ့ကိုလဲ
ရှောင်လို့ရတယ်။
လူတွေက မတွေးဘဲနဲ့မနေနိုင်ဘူး။
မတွေးဘဲနေလို့ရတဲ့အခြေအနေတွေရှိတယ်။
နစ်နစ်ချိုက်ချိုက် အိပ်မောကျရင်လဲ
မတွေးတော့ဘူး။
သတိလစ်သွားလို့ အသိမရှိရင်လဲ
မတွေးတော့ဘူး။
အလုပ်ထဲစျာန်ဝင်သွားရင်တော့
တခြားအတွေးတော့မရှိတော့ဘူး။
အလုပ်ထဲအာရုံစိုက်တာတော့ရှိတယ်။
သေချာလေ့ကျင့်ထားပြီး
တရားထိုင်လို့ စျာန်ဝင်ရင်တော့
အတွေးမရှိတော့ဘူး။
အတွေးထဲက မြင်တာတွေပျောက်၊
ကြားတာတွေပျောက်၊
ခံစားရတာတွေပျောက်၊
Pure awareness level ရောက်သွားကြတယ်။
ဦးနှောက်ရဲ့ လှိုင်းတွေနှေးသွားတယ်။
ဂါမာလှိုင်းတွေတက်လာတယ်။
ပျော်ချင်ရင် အာရုံခြောက်ပါးကိုနှိုးဆွ။
ငြိမ်းချမ်းချင်ရင်
No Thinking, Just Being
မတွေးနဲ့၊ မဖြစ်ချင်နဲ့၊ မလုပ်နဲ့။
ဒီအတိုင်းလေး နေကြည့်။
Phyo Paing @ Derek