ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပိုက်ဆံကတော့ရှာရမှာပဲ။
နည်းတာနဲ့ များတာပဲကွာမယ်။
ပိုက်ဆံရှာဖို့ စီးပွားရေးလုပ်ရမှာပဲ။
စီးပွားရေးလုပ်ဖို့ လုပ်နည်းတော့နားလည်ဖို့လိုတယ်။
ဝယ်ရောင်းလုပ်တာ၊
ပွဲစားလုပ်တာက ပိုက်ဆံရှာတာ။
စီးပွားရေးလုပ်ငန်းတည်ဆောက်
အမှတ်တံဆိပ်တည်ဆောက်ပြီးငွေရှာတာက
ပိုက်ဆံလာအောင်လုပ်တာ။
ငွေကို ငွေနဲ့ပြန်ရှာတာက
ပိုက်ဆံပွားတာ။
ရှာ၊ လာ၊ ပွား အဆင့်မှာ
မရှိတဲ့ငွေကို ပွားလို့မလွယ်ဘူး။
ဒီတော့ ငွေလာဖို့ လုပ်ငန်းတည်ဆောက်တဲ့အခါ
အမှတ်တံဆိပ်တည်ဆောက်တာ၊
လူတွေစိတ်ဝင်စားမေးမြန်းအောင်လုပ်တာ၊
ရောင်းတာ၊
ဝန်ဆောင်မှုပေးတာ၊
ဝန်ထမ်းခေါ်ယူ၊ သင်ကြား၊ စီမံတာ၊
ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ
သေချာလုပ်တတ်မှ ရမယ်။
ဒါကြောင့်လဲ အိမ်စာမြန်မြန်နဲ့ မှန်မှန်လုပ်ဖို့
ကိုယ့်ကိုယ်ကို အမြဲသတိပေးဖြစ်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay