လူအများစု Stress များတယ်ဆိုတာ
ငွေကြေးကြောင့်အများစုပဲ။
နောက် ကျန်းမာရေးပေါ့။
ဒီနှစ်ခုပြည့်စုံရင် ကျန်တာက လုပ်ယူဖို့
သိပ်မခက်လှဘူး။
ငွေကြေးစီမံခန့်ခွဲမှုအတွက်ကတော့
သုံးငွေနဲ့ ဝင်ငွေနဲ့ စီမံခန့်ခွဲမှုပေါ့။
အနာဂတ်ကို အကောင်းအရမ်းမြင်ပြီး
ချေးငှားတာကို အလွန်အကျွံမလုပ်သင့်သလို
စိတ်ညစ်ပြီး အလုပ်မလုပ်တာမျိုးလဲ
သတိထားဖို့လိုလာတယ်။
ငွေကြေးစီမံခန့်ခွဲမှုမှာ
၁။ Active Income ပေါ်အခြေပြုပြီး
၂။ Partially Active Income တည်ဆောက်
၃။ Passive income ပြန်ပြောင်း
ဒါကအရေးကြီးတာပဲ။
ကိုယ်နားမလည်တဲ့ စီးပွားရေးကို
ချေးငှားပြီး မလုပ်သင့်သလို
ငွေကြေးအတွက် လုပ်ငန်းငွေကြေးအပြင်
သီးသန့်ငွေကြးစုဆောင်းရေးစနစ်၊
ကိုယ့်ကျန်းမာရေးအတွက်၊
သားသမီးနောက်ရေးအတွက်
မတူညီတဲ့ အခွဲတွေ ထားရှိသင့်တယ်လို့မြင်တယ်။
မဟုတ်ရင် အသက်ကြီးခါမှ
ဒုက္ခတွေရောက်နေမယ်။
အိမ်ထောင်ပြုတဲ့အခါ prenup
လုပ်ဖို့လိုတယ်ဆိုတာ အလကားပြောထား
ကြတာ မဟုတ်ဘူး။
မလိုအပ်တဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းတဲ့
သဘောပဲ။
ဝင်ငွေကောင်းနေတုန်း တစ်သက်လုံး
ဒီလိုကောင်းမယ်ယူဆပြီး
လျှောက်သုံးစွဲတာ စဥ်းစားဖို့လိုတယ်။
အရာရာ စည်းစနစ်မရှိရင်
ပရမ်းပတာ ဖြစ်တတ်တယ်။
Phyo Paing @ Derek